A journey of a thousand miles must begin with a single step.

  • palm-tree
  • Genting Highland

Latest

၂၀၀၈၊ ရန်ကုန်-နေပြည်တော်-မန်းလေး-ပုဂံ-ရန်ကုန်၊ အပိုင်း (၃)


မန်းလေး (ဒုတိယရက်)

..မနက်ကျတော့ စောစောထ ရေချိုး အ၀တ်လဲပီး…မန်းလေးမနက်ခင်းလေကို အားရပါးရရှူပီ ဖြူလေးဆိုင်ကို လမ်းလျှောက်သွား….မန်းသူလေးတွေကို ငေးရင်နဲ့ပေါ့……ဟိုရောက်တော့ ဖြူလေးကဆိုင်ဖွင့်နေပီ..ခနနေတော့မစန်ဒါရောက်လာတယ်…သိပ်မကြာဘူး…မနိုင်းလည်းရောက်လာတယ်…မနိုင်းကိုလည်း နောက်ပိုင်းယူဇာတွေသိမှာမဟုတ်ပါဘူး…
နောက်တော့ ဂျူလိုင်(ဂျူလိုင်ဒရင်း-စကားဝါချစ်သူလေး.)ကသူလည်းလိုက်မှာဆိုတော့ သူ့ကိုစောင့်..ကိုယ်တော်ချောကဘယ်လိုမှဆကိသွယ်လို့မရ….စောင့်ရင်းနဲ့ ၈း၀၀ လောက်မှရောက်လာတယ်….ငါဆိုဗိုက်ကိုဆာနေတာ….လူစုံတော့ ဆိုင်ကယ်တစ်ယောက်တစ်စီးစီနဲ့…ငါကဆိုင်ကယ်မရှိတော့ …မစန်ဒါဆိုင်ကယ်နဲ့ ပေါ့….ဦးထုပ်ကတော့မနိုင်းရဲ့ဦးထုပ်အပိုနဲ့ပေါ့…..Oriental House ကိုချီတက်ကျတာ….သူများတွေအတွက် လှိုင်းကြီးလှေအောက်…ငါ့အတွက်က ချိုင့်ကြီး ဆိုင်ကယ်အောက်ပေါ့….မစန်ဒါဆိုင်ကယ်တော့တနားပါတယ်…..Oriental House သွားတဲ့တလမ်းလုံးမကျဘူးတဲ့ချိုင့်မရှိဘူး…တဒုန်းဒုန်းနဲ့…..ချိုင့်ကြီးကြီးတခုကို မမြင်ပဲ ကျသွားတာ ခေါင်မှာဆောင်းထားတဲ့ ဟယ်လမက်ပါပြုတ်ကျသွားတယ်….ချိုင့်ဘယ်မြင်မလဲ….ဘေးကနေကျော်တက်သွားတဲ့မန်းသူလေးကိုလှမ်းငေးလိုက်တာ….ဟီး..ဟီး….Oriental House ရောက်တော့ဒင်းဆမ်းတွေ အများကြီးကိုစားလိုက်တာ….ငါ၊ ဂျူလိုင်၊မနိုင်း၊ မစန်ဒါ၊ ဖြူလေး.၅ယောက်….မစန်ဒါဘတ်ဂျက်တော်တော်ထိသွားတယ်….အဲဒါမှတ်သေးဘူး….နောက်နေ့မနက် မန်းလေးမုန့်တီသုပ်ကျွေးဦးမယ်တဲ့….Oriental House မှာစားပီးတော့ဘယ်သွားကြမလဲမေးတော့ ငါကမသိဘူး…လိုက်ပို့တဲ့နေရာသွားမယ်လိုပြောလိုက်တယ်။ အဲဒါနဲ့ ဖြူလေးဆိုင်ကိုပြန်…ခဏနေတော့ ၀ီဝီနဲ့ Violet ရောက်လာတယ်….အဲဒီအချိန်ထိ ညီမင်းကိုဖမ်းလို့မိသေးဘူး….ပေတူးကလည်းအလုပ်များနေတယ်…အားသေးဘူးတဲ့.
.ဘာလို့လဲဆိုတာတော့ပြောတာ့ဘူး…သိချင်ရင်…ဖြူလေးကိုမေး…ငါမန်းလေးကနေပြန်တဲ့အထိ ဝေယံ ကိုလုံးဝမတွေ့ခဲ့ရဘူး။…ထားလိုက်တော့….အဲဒါနဲ့ တောင်သမန်အင်းကိုသွားကြတယ်…..ဟိုမှာနေလည့်စာစားကြတယ်။ စားပီးတော့ ဆိုင်ကအချိုပွဲချပေးတယ်…ဖရဲသီး…အဟေး..ဟေး…အဲဒီအချိန်မှာ ငါ့က မေးတယ် ၀ီဝီကို….၀ီဝီ ရဲ့အဗန်တာကဘာလေးလဲ…..ဘယ်လိုအဓိပ္ပါယ်လဲလို့မေးတော့….သူကပြန်ဖြေတယ်…..သူ့အဗန်တာက ပိုးဥလေးပါ..လိပ်ပြာမဖြစ်ခင်ဘ၀ပေါ့…. အဲဒီအချိန်မှာ ဂျူလိုင်ဘာစိတ်ကူးပေါက်လဲမသိဘူး.ထပြောလိုက်တတာ…. ဒါဆိုဝီ၀ီ ကဥဘ၀လေးပေါ့ ဟုတ်လား….တဲ့….ပထမတော့ ၀ီဝီ ကြောင်သွားတယ်…သူအစား အဖြေပေးလိုက်တာက Violet ..
..ဟုတ်တယ်….ဥဘ၀လေး.၀ီဝီရဲ့ဥဘ၀လေး……လို့…အဲဒီမှာ အပျိုကြီး၂ ယောက် ထရီတာ ဘယ်လိုမှ ထိန်းလို့မရတော့ဘူး…ဘာတွေအတွေးပေါက်သွားလဲမသိဘူး…..ဟဲ…ဟဲ…..နောက်ဖရဲသီးစားကြတယ်….အဲဒီမှာလဲ ၀ီဝီ ကပြောတယ်..ဖရဲသီးကကောင်းတယ်တဲ့…အမျိုးသားတွေအတွက်တဲ့…အဲဒါလဲကြားပီးရော …ဂျူလိုင်လေ….ဖရဲသီးပန်းကန်မှာ သူ့လက်ချည်းပဲ……..ဘယ်လိုကုန်သွားမှန်းကိုတိဘူး…….ဟား…ဟား….ဒီလိုနဲ့ အားလုံးစားပီးတော့ မစန်ဒါပဲ ထုတ်ရှင်းပေးသွားပါတယ်….အရမ်းသဘောကောင်းတဲ့အမကြီးပေါ့…ငါ့နောက်တစ်ခေါက်မန်းလေးကိုလာမယ်ပြောတော့…လာနဲ့တော့တဲ့…ဟား…ဟား……ဒါနဲ့ ဘယ်သွားကြမလဲမေးတော့…စစ်ကိုင်ဘက်သွားမယ်ဆိုပီး…သွားကြတာ….နေကလဲပူ…..ဝေးကလဲဝေး…သွားကြတာပဲ….ဖြူလေးဆို မျက်နှာ Mask ကောစွပ်၊ လက်မှာလဲ လက်စွပ်ကြီးစွတ်ထားတာ…သူ့လက်စွတ်ဆိုတာ ကအင်္ကျီလက်ရှည်ကိုလက်ချည့်းဖြတ်ပီးစွတ်ထားတာ…..သူ့အသားမဲသွားမှာဆိုးလို့တဲ့….အဟေး…ဟေး….တော်ကြာ တရုတ်ငချိတ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…….ဟီး..ဟီး….အဲဒါနဲ့သွားကြတာ…စစ်ကိုင်းကို ငါနဲ့ ဂျူလိုင်နဲ့ ကဆိုင်ကယ်တစ်စီ၊ မစန်ဒါ၊ မနိုင်း၊ ဖြူလေး၊ ၀ီဝီ ၊ Violet တို့ကတစ်ယောက်တစ်စီးစီ နဲ့…သွားကြတာ…..စစ်ကိုင်းကိုကူးခါနီးတော့ လမ်းကွဲသွားတယ်…၀ီဝီနဲ့ Violet က တံတားဟောင်းဘက်ကိုဆင်းသွားတယ်…ငါနဲ့ဂျူလိုင်က စစ်ကိုင်းတံတားသစ်ဘက်ကိုကွေ့လားတယ်….နောက်ကနေတော့ အားလုံးလိုက်လာတယ်…ဟို၂ယောက်ပဲ လမ်းလွဲသွားတာ……တံတားဖြတ်တော့…..တံတားကြေးကောက်ရော……အဲဒါနဲ့ ဂျူလိုင်နဲ့ငါက ဆိုင်ကယ်ကိုမရပ်ပဲ…နောက်ကိုလက်ညိုးထိုးပြလိုက်တယ်…သဘောက နောက်ကတောင်း..နောက်မှာပါလာတယ်…ဟီး..ဟီး…အဲလိုပဲ တယောက်ပီးတယောက်နောက်ကိုလက်ညိုးထိုးလာတာ..
…နောက်ဆုံးကသူပေးလိုက်ရတယ်.ထင်တယ်.ဘယ်သူလဲတော့မသိဘူး ..အဲဒါတော့မှတ်မိတော့ဘူး…….ကောင်းမှုတော်ဘုရားဝင်ဖူးကြတယ်…ခဏနေတော့ လမ်းမှားသွားတဲ့ဟို ၂ယောက်ရောက်လာတယ်….နောက် သနပ်ခါးတုံးဝယ်တယ်……….မစန်ဒါရွေးပေးတယ်……ငါလည်းကြီးကြီးတစ်တုံးဝယ်…ပီးတော့ သုံးပိုင်းပိုင်း……အဲဒီသုံးပိုင်းကရန်ကုန်ရောက်တော့ LYK, လင်းချစ်သူ၊ Mantal (မလေး) နဲ့ ဘုန်း…အဲဒီလေးယောက်ထဲက ၃ယောက်ကိုလက်ဆောင်ပေးလိုက်တယ်….ဘယ်သူမရလဲငါမတိတော့ဘူး….မရတဲ့သူ….နာမန်းလေးနောက်တခေါက်ရောက်ရင် ၀ယ်ခဲ့ပေးမယ်…ဟဲ..ဟဲ…အတည်ပြောတာ….နောက်ပဲကြော်တွေဝယ်တယ်.
…အဲဒါတွေကတော့ငါရန်ကုန်ကိုရောက်ရောက်ချင် ကိုသူတို့သက်မွန်တို့လက်ထဲအပ်လိုက်တယ်….အဲဒီနေ့ကဘရောင်းကိုမလာတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး….လက်ဖက်တွေ၊ ထိုးမုန့်တွေလဲပါတယ်….
စစ်ကိုင်းကနေပြန်တာ့ လမ်းမှာ ဖြူလေးဆိုင်ကယ်ဓတ်ဆီကုန်သွားသေးတယ်။ သူ့အိမ်ကလည်း ခေါ်နေပီ ..မြန်မြန်ပြန်လာတဲ့မလာရင် အပီးပြန်မလာနဲ့တော့တဲ့….ဟီး..ဟီး….ဘာလို့လဲဆိုတော့ နောက်နေ့ညနေ သူက ရန်ကုန်ဆင်းမှာလေး….
ငါ့ကိုကြောက်လို့ထွက်ပြေးတာ…မန်းလေး ကန်တော်ကြီးစောင်းက ကော်ဖီအေးဆိုင်မှာ ၀င်သောက်ကြသေးတယ်….ဘယ်သူရှင်းလိုက်မှန်ကိုတိလိုက်ဘူး…ဖြူလေးကတော့စစ်ကိုင်းကနေတန်းပြန်တယ်….ကော်ဖီဆိုင်ကနေပြန်တော့ ဘူတာကြီးကိုဝင် ငါပုဂံသွားမယ့်ရထားလက်မှတ်ကိုဝယ်…..နောက်နေ့ည ၇း၀၀ ရထား….အဲဒီမှာ ငါပုဂံကိုသွားရမယ်ရက်က ဒီနေ့ညပဲ…နောက်နေ့ရထားလက်မှတ်ဝယ်တဲ့နေဟုတ်ဘူး…..
.အဲဂလာကြောင့်ပုဂံမှာကြိုရောက်ပီးစောင့်နေတယ့်ငါ့တယ်ရင်းတွေ ငါ့ကို ၀ိုင်းဆဲကြတာပေါ့……ငါကတော့ရထားလက်မှတ်ဝယ်လိုရဘူးလို့အကြောင်းပြလိုက်တယ်လေ….လက်မှတ်က၀ယ်လို့ရတယ်..
.ငါကမသွားချင်သေးတာနဲ့ တရက်ထပ်ဆွဲလိုက်တာ..မန်းလေးမှလည်လို့ဝသေးဘူးလေ…..ဟီး..ဟီး…ဘာလို့လဲဆိုတော့ အဲဒီနေ့ညနေ ဘီဘီဝိုင်းအကြီးကြီးရှိလို့….ရထားလက်မှတ်တောဝယ်ပီးပီး…ရန်ကုန်ကတယ်ရင်းတွေအတွက် ဘူတာကြီးဘေးက မုန့်ဆိုင်တွေမှာမုန့်ဝယ်တာပေါ့…အိမ်အတွက်ဟိုလူ့အတွက်ဒီလူ့အတွက်နဲ့ နာ့ပိုက်ဆံအိတ်ထဲက ၁၀၀ရာတန်ဒေါ်လှလေးပျံထွက်သွားတယ်……ဟဲ..ဟဲ…အားလုံးဝယ်ပီးတော့ အထုပ်တွေသယ်ပီ တည်းခိုခန်းကိုပြန်…ဂျူလိုင်ကလိုက်ပို့တယ်..ပီးတော့ရေချိုး….ဟိုတယ်ကိုပြန်သွား…ငါ့ကိုဟိုတယ်က Sales & Marketing ဌာနက မမလေးတွေက ညစားလိုက်ကျွေးမလို့ခေါ်ထားတာလေ……ငါတို့ဟိုတယ်တွေမှာ Sales & Marketing ဌာန ဆိုတာ အားလုံးအမြင်ကက်ဆုံးဌာန…ပီးတော့ ငါတို့ Sales & Marketing ဌာန က High Pay တွေလေ……တစ်ဟိုတယ်လုံးမှာ ဂျီအမ်ပီးရင်အာဏာအရှိဆုံး…Sales & Marketing ဌာနကဘာလိုချင်တယ်ဆိုအားလုံးကျန်တဲ့ဌာနတွေ
ကလုပ်ပေးရတယ်…….ဘာလိုလဲဆိုတော့ဒီဌာနက ဟိုတယ်အတွက် Business တွေရှာပေးတာလေ……ထားလိုက်တော့..အဲဒါတွေ…..ဟိုတယ်ကိုရောက်တော့ညနေ ၄း၀၀ လောက်ရှိပီ..ဂျူလိုင်ကတော့ပြန်သွားပီ….အဲဒါနဲ့ ဟိုတယ်ထဲမှာ ဟိုဌာနသွား….ဒီဌာနသွား…အားလုံးကတော့ ရန်ကုန်သားလေးကိုအထင်တွေကြီးလို့…ဟား..ဟား…..ဟိုဌာနကလဲလာပါဦး…ဒီဌာနကလဲလာပါဦးနဲ့…..စိုးမိုးကျော်နဲ့ဝိုင်းဝိုင်းလည်ပဲ…… ၅း၃၀ တော့ Sales & Marketing ဌာနကိုပြန်…
ဟိုကမမ တွေကလဲ ငါ့ကိုစောင့်နေကြပီ…..အဲဒီလိုနဲ့ အပြင်ထွက်လာကြတယ်……ဟိုကောင်မလေးတော့ ငါ့ဆိုင်ကယ်နောက်ကနေမလိုက်ရဲ့တော့ဘူး….တခြားဆိုင်ကယ်နဲ့လိုက်လာတယ်….ဟီး..ဟီး….
ဆိုင်ရောက်တော့ စားသောက်ကြတာပေါ့..စလိုက်နောက်လိုက် နဲ့ပျော်စရာကြီး….၈ယောက်လောက်ရှိမယ်..မချော ၇ ယောက် ကိုယ်တယောက်ပေါ့..စားတုန်းသောက်တုန်းဓတ်ပုံတွေရိုက်ကြနဲ့ပေါ့..
.ငါရန်ကုန်ပြန်ရောက်တော့ ရန်ကုန်ဆီဒိုးနားလူတွေကို အဲဒီဓတ်ပုံတွေပြတော့ အားလုံးမနာလိုတွေဖြစ်ကြာတာပေါ့….အဟေး…ဟေး…..စားလို့သောက်လို့ပီးတာနဲ့ ငါတို့တွေ Shopping Mall ကိုသွားလည်းကြတယ်….. 78 Mall လား ဘာလားတော့မသိတော့ဘူး…မေ့နေတယ်….အဲလိုနဲ့အချိန်က ၈း၀၀ ထိုးနေပီ…ဖြူလေးဆိုင်မှာ ချိန်းထားတာက ၇း၀၀ နာရီ….အဲဒါနဲ့ဖြူလေးဆိုင်ကိုဆိုင်ကယ်နဲ့ပြန်…ဒီတခါတော့ငါဆိုင်ကယ်နောက်ကပဲလိုက်စီးလာတော့တယ်..
..ငါ့ကိုပေးမမောင်းခိုင်းတော့ဘူး……..တခါတည်းနဲ့မှတ်သွားပီး….ဖြူလေးဆိုင်ရောက်တော့ အားလုံးစုံနေပီ…မစန်ဒါ၊ မနိုင်း၊ နာဇီ၊ ညီမင်း၊ ၀ီဝီ နဲ့ Violet အားလုံးငါကိုစောင့်နေကျတယ်……ဂျူလိုင်ကတော့ အိမ်မှာကိစ္စရှိလို့်မလာနိုင်ဘူး…ပေးတူးကတော့ ထုံးစံအတိုင်းမအားဘူး……ဒါနဲ့ဘီယာဆိုင်ကိုသွားကြတာ…..တပျော်ကြီးပဲ……ဖြူလေးကတော့မလိုက်ဘူး..သူကနောက်နေ့ရန်ကုန်သွားရမှာ..
…ပြင်ရဆင်ရဦးမယ်လေ….ဘာတွေမှန်းတော့သိဘူး….စားလိုက်သောက်လိုက် နောက်လိုက်ပြောင်လိုက်နဲ့ပေါ့..ဆူညံနေတာပါ….ငါတို့ဘရောင်းမှာသောင်းကျန်းသလိုပေါ့….အဲ…ပင်ဂွင်းတို့လင်းလက်တို့လို လုစားမယ့်သူတွေမပါဘူး…….ဟီး..ဟီး….အဲဒီအချိန်မှာ မနိုင်းအိမ်ကဖုန်းလားတယ်…ဘယ်မှာလဲတဲ့…မနိုင်းကပြန်ဖြေတယ်…ကျောင်းကအဆောင်မှာတဲ့…ဟီး…ဟီး….အဲလိုလိမ်မာကြာတာ…..ငါကဘီယာ ၃ခွက်ပဲသောက်ပါတယ်….အမြည်းကတော့ ထမင်းလွတ်ပေါ့…အစက ၂ခွက်ပဲသောက်တာ……နာဇီနဲ့ ညီမင်းကအတင်းတိုက်လို့ ၃ခွက်ဖြစ်သွားတာ….ငါအရင်ကဘီယာယောက်ဖူးတာဟုတ်ဘူး…လူလိမ်မာလေး…….နာဇီတိုက်မှ စသောက်ဖူးတာ….မင်းဂုဏ်ယူလိုက်စမ်းပါနာဇီရာ…….ဟား…ဟား……အဲဒီဝိုင်းကို ၀ီဝီနဲ့ Violet တို့ကရှင်းသွားတယ်……နောက်တော့ အားလုံးပြန်ကြတယ်….ငါ့ကို ညီမင်းကလိုက်ပို့တယ်.
….ဘာလို့လဲဆိုတော့ နောက်နေ့မနက် မစန်ဒါက ဒေါ်ကွန့်ဆိုင်မှာ ငါ့ကို မုန့်တီသုပ်ကျွေးဦးမှာလေ…..အဲဒီအတွက် ညီမင်းက ငါ့ကိုမနက်လာခေါ်မှာ……..ငါလည်းအခန်းပြန်ရာက်တော့ ရေချိုးပီးအိပ်တော့တာပဲ….မအိပ်ခင် ပုဂံကတယ်ရင်းတွေဆီဖုန်းဆက်တော့ အားလုံးတင်းနေပီး….ဒီညမလာဖြစ်လို့တဲ့…….နောက်နေ့ဆိုပုပ္ပါးသွားကြမလို့ …အဲဒါငါမရောက်လာတော့သွားလို့မရတော့ဘူးတဲ့…ဟား…ဟား….နောက်တစ်ခါဖုန်းဆက်တယ်….အဟဲ….ဒီတစ်ယောက်ကတော့ မန်းလေးလာတုန်းကားပေါ်မှာတွေ့ခဲ့တစ်ယောက်ပေါ့…..တန်းတွေ့တယ်….ပြောလိုက်တာ..ဖုန်းဖိုး ၁၄၀၀ လောက်ထွက်သွားတယ်……ဒါတောင် ဆိုင်ပိတ်တော့မှာမလို့….အဟဲ..ဟဲ…..ပီးတော့ငါလည်းအိပ်….မနက်ကျရင် စားပွဲကရှိသေးတယ်… (ဆက်ရန်…)

၂၀၀၈၊ ရန်ကုန်-နေပြည်တော်-မန်းလေး-ပုဂံ-ရန်ကုန်၊ အပိုင်း (၂)


(ပထမရက်)

တည်းခိုးခန်းရှာ….တွေ့ပီ…မန်းလေး ဆေးကျောင်းရှေ့မှာ……အထုပ်အပိုးတွေသယ်ပီး…အခန်းပေါ်တက်….ရေချိုး….အ၀တ်အစားလဲ….စမတ်ကျကျပေါ့…သွားမယ်နေ့ရာက ဘုန်းကြီးကျောင်းပဲ….ဟီး…ဟီး…မန်းလေးဆီဒိုးနားပါ….အ၀တ်လည်းလဲ ပီးရော ဗိုက်ကဆာလာတယ်…..အမြန်အောက်ဆင်း…တည်းခိုခန်းက ကောင်လေးကို ၈၃ လမ်းထိပ်က ဖက်ထုတ်သွားဝယ်ခိုင်းပီးစားလိုက်တယ်…. ..အင်း…အားလုံးအိုကေသွားပီ….. နောက်တော့ အပေါ်က ကုဒ်အင်္ကျီဝတ်၊ ကြောင်ရှာသီးပတ်….ပီးတော့မှန်ထဲမှကြည့်လိုက်တော့ ..တော်တော်ခန့်နေပီပေါ့…..အဲဒီမှာမေ့နေတာက ငါရောက်နေတာမန်းလေးက တည်းခိုခန်းမှာ…ရန်ကုန်က ဘုန်းကြီးကျောင်းထဲမှာ ဟုတ်ဘူးဆိုပဲ….. အောက်ဆင်းခါနီးမှာ ခုနကကောင်လေးရောက်လာပီးတော့ အကို ဘာခိုင်းဦးမလဲဆိုပီးတော့မေးတယ်..ပီး. .အကို ဘယ်သွားမလို့လဲမေးတော့မှ…. ငါမန်းလေးမှာပါလားလို့သတိရပီး…ဒီအ၀တ်အစားတွေနဲ့သားသွားရင် တော့ အရူးလို့ထင်မှာပဲဆိုပီးတော့ပြန်ချွတ်…. အိတ်ထဲပြန်ထည့်…. အိတ်ဆွဲပီးဘုန်းကြီးကျောင်းကိုချီတက်….တက္ကစီလဲမရှိ……. ဒီတော့လမ်းလျှောက်…..
.မြေပုံစာရွက်ထုတ်…..လမ်းရှာ…..နီးနီးလေးပါလား…မြေပုံထဲမှာပြောပါတယ်…..လမ်းရှာရင်နဲ့ ဖြူလေး ဆိုင်ကိုရှာတော့ ငါသွားရမှာလဲ အဲဒီလမ်းကပဲ….ဂွတ်သဟ….
..သူ့ကိုတွေ့ရင်တော့ ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းမယ်ဆိုပီးတွက်ထားတယ်….. လျှောက်..ရင်း… လျှေက်ရင်းနဲ့…. ဝေးသဟ… မန်းလေးတစ်ပြဆိုတာ ကို ယုံသွားပီ….. ဖြူလေးဆိုင်ရှေ့ရောက်တော့ ဆိုင်ကဖွင့်သေးဘူး…….. သူပြောတော့မန်းလေးမှာ သူ့ဆိုင်က မန်းလေးမှာဖွင့်တာအစေားဆုံးတဲ့…..ေ တွ့တော့တွေ့တယ်… ဆိုင်ရှေ့မှာပက်လက်ကြီး……. ဖြူလေးကို…အဲ..ဟုတ်ဘူး… သူ့ဆိုင်ကယ် ၁ ယပက်(၁/ယ..)ကြီးပြောတာ.
..စိတ်ကူးမိတာ ဆိုင်ကယ်ကို ဘီးလေလျော့မလို့….နောက်တော့ ဖြစ်သေးပါဘူး…တော်ကြာဘေးကလူတွေက ဆိုင်ကယ်ဘီးဖြုတ်တယ်ဆိုပီး ၀ိုင်းရိုက်လို့အချောင်သက်သက်နာဦးမယ်…..ထားလိုက်တာ့…..ဖြူလေးကံကောင်းသွားတယ်….မှတ်…
ဟိုကြည့်ဒီကြည့်…မြို့သားလေးတောရောက်လာတော့မြင်သမျှအသစ်အဆန်းတွေကြီးပဲပေါ့…..မန်းလေးကို ငယ်ငယ်တုန်းကတခေါက်ရောက်ဖူးတယ်…မမှတ်မိတော့ဘူး…..လျှောက်ရင်းနဲ့..ကျုံးရှေ့လာပီပဲ..နန်းတော်ကြီးကို…မြင်နေရပီ…
..မျက်စိထဲမှာမြင်ကြည့်လိုက်တာ မင်းတုန်းမင်း မိဖုရားပေါင်းများစွာနဲ့ ဆောင်တော်ကူးနေတာကိုပေါ့….ငါသာဆိုရင်တော့…….ဟီး..ဟီး……တွေးရင်းနဲ့လျှောက်လာတာ …မန်းလေးဆွမ်းဟိုတယ်ရှေ့ရောက်လာပီ….မန်းလေးဆွမ်းပီးရင် ငါ့သွားရမယ် ဘုန်းကြီးကျောင်း(မန်းလေးဆီဒိုးနား) ပေါ့…တွေ့ပီ…ရောက်ပီ……ဟိုတယ်ဝင်ပေါက်ရှေ့ရောက်တော့ ဧည့်ကြိုကောင်လေးက ပြေးထွက်လာပီးကြိုတာပေါ့….ဟဲ..ဟဲ…..ငါ့အိတ်ကိုဆွဲတယ်…ငါကမပေးဘူး…အတင်းဆွဲတယ်.
..ငါကပြန်လုတယ်….နောက်တော့ ဂျူတီမန်နေဂျာထွက်လာပီးမေးတော့မှ ငါကရှင်းပြလိုက်တာ…..ရန်ကုန်ဆီဒိုးနားကပါဆိုမှ အဆင်ပြေသွားတယ်…….အိတ်လုတဲ့အကြောင်းပြောပြရဦးမယ်..အားလုံးဗဟုသုတပေါ့…ငါတို့ဟိုတယ်လောကမှာ ဟိုတယ် ၀န်ထမ်းအချင်းချင်းပြန်ပီးဆားဗစ်မပေးရဘူး..တခြားဟိုတယ်တွေကတော့ဘယ်လိုလဲမသိဘူး….ဘာလို့လဲဆိုတော့ ကိုယ့်ကိုဆားဗစ်ပေးလိုက်ရင်သူတို့ရင်ထဲမှာ ၀န်ထမ်းအချင်းချင်း နားလည်မှုတွေလွဲသွားနိုင်တယ်….. ရာထူးအရ ဂျီအမ်တို့၊ဘာတို့ဆိုရင်တော့တမျိုးပေါ့။ အဲဒါကချွင်းချက်ပေါ့။ အိုကေ…အဲဒါနဲ့ မန်းလေးဆီဒိုးနားရဲ့ဈေးကွက်နဲ့ဆက်ဆံရေးအရာရှိ (Marketing & Communication Executive) ကိုခေါ်ခိုင်းလိုက်တယ်….ငါနဲ့ရာထူးအတူတူပဲလေ….ဟီး..ဟီး…ခဏနေတော့ထွက်လာတယ်….. ပီးတော့ရုံးခန်းထဲခေါ်သွား..စကားလေးဘာလေးပြောကြ…အဲဒီသူကလည်းငါမန်းလေးမသွားခင် ရန်ကုန်ဆီဒိုးနားကိုထရိန်နင်အဖြစ်လာဘူးတယ်လေ…မိန်းကလေးပေါ့ အလွန်ဆုံးရှိလှ အသက် ၂၄ နှစ်ပေါ့..သူရန်ကုန်လာတုန်းကပဲ..ငါပဲအကုန်လိုက်လုပ်ခဲ့တာ….မောင်နှမလိုပဲ…..သူလာတုန်းကငါတို့ကရန်ကုန်မှာအလုပ်ရှုတ်နေတာလေ..
.မှတ်မိသေးတယ်… ကူဝိတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံချစ်ကြည်ရေးခရီးလာတာတဲ့အချိန်…. ငါတို့ဆီဒိုးနားမှာ တည်းတာလေ..အရမ်းအလုပ်ရှုတ်နေတာပေါ့…. နိုင်ငံတော်ဧည့်သည်လေ… .ထားလိုက်တော့မဆိုင်တာတွေပါလာပီ.. .နောက်ဆုံး သူပြန်တော့ မန်းလေးဆီဒိုးနားကလူတွေအတွက်ငါက မုန့်တွေထည့်ပေးလိုက်တာလေ…. ကြိုပီးလမ်းခင်းထားတာပေါ့..ဟီးးဟီးး
စကားပြော..မုန့်စားနဲ့ပေါ့..အလုပ်ကိစ္စမပါဘူး…ဘာလို့လဲဆိုတော့ ငါအလည်သက်သက်သွားတာလေ…. နောက်တော့ ဟိုတယ်ရဲ့အကြီးဆုံးအရာရှိ သူတို့အခေါ် အိုအမ် (Operation Manager) ပေါ့။ Mr. Tanaka လို့ခေါ်တယ်..ငါကတော့ သနပ်ခါးတုံးလို့ခေါ်တယ်..ငါနဲ့တော်တော်ရင်းနှီးတယ်… သူရန်ကုန်လာတုန်းက ငါတို့ခဏခဏစကားပြောဘူးတယ်။ ငါက ဂျပန်လိုမတောက်တခေါက်ပြောတတ်လို့အဆင်ကိုပြေလို့…. နောက်ခဏစကားထိုင်ပြော… ပီးတော့ဘယ်နှစ်ရက်နေမှာလဲ. …ဒီမှာလာပြောင်းနေလို့ဖိတ်တယ်….. ငါကမနေတော့ဘူး..အလုပ်ကိစ္စနဲ့မဟုတ်လို့မနေချင်ဘူးလို့ပြောလိုက်တယ်… သူကတော့စိတ်မကောင်းဘူးဖြစ်သွားတယ်…. ဘယ်တတ်နိုင်မလဲ…..
.အလုပ်နဲ့တာဆိုလို့ကတော့ကားဂိတ်မှာထဲကလာကြိုခိုင်းတယ်…..အခုတော့…..ဟဲ..ဟဲ…..နောက်တော့ သူကမေးတယ်ဘာလုပ်မလဲတဲ…ဘယ်သွားချင်လဲပြော…. ငါကတော့ ပြောလိုက်ပါတယ်.. .ငါမန်းလေးကိုရောက်ဖူးဘူး…. ဘယ်သွားရမှန်းမသိဘူးလို့….. အိုကေ..ကောင်းပီတဲ့…. သူစီစဉ်ပေးမယ်တဲ့….. ခဏစောင့်ဆိုတာနဲ့….ငါကသူ့ကိုနှုတ်ဆက်ပီး…အပြင်ပြန်ထွက်လာတယ်……
ပီးတော့ခုနက ဟိုကောင်မလေးက ဟိုတယ်တခုလုံးကိုလျှောက်ပတ်ကြည့်…..တခြားဌာနက အရာရှိတွေ၊၀န်ထန်းတွေနဲ့မိတ်ဆက်ပေါ့….. အားလုံးကုန်တော့ ရုံးခန်းထဲပြန်လာ.. ကော်ဖီသောက်… အခိျန်က ၁၀း၃၀ ရှိပီ..ခုန လူကြီးက ငါလည်ဖို့ ကားစီးစဉ်ပေးတယ်….. သွားချင်ရာသွား….တဲ့…. ဟုတ်နေတာ…. ရန်ကုန်မှာငါစီးခဲ့ရတဲ့ကား က တိုရိုတာခရောင်းအနက်ရောင်….. အခုစီးရမှာက လင်ခရူဇာ…အဖြူရောင်…..ဟုတ်နေတာပဲ….အရင်ဆုံးဘယ်သွားမလဲဆိုတော့
ငါစဉ်းစားမိတာက အပျော်မသွားခင်း အကျိုးလည်းရှိလူလည်းရှိန်အောင်ဆိုပီး…Mandalay Hill Hotel ကို Inspection သွားမယ်ဆိုပီး..အရင်သွားတယ်.လမ်မှာဖြူလေးဆိုင်ကိုခဏ၀င်လိုက်သေး..မရွှေချော အရှုတ်တွေလုပ်နေတယ်….ခဏစကားပြောပီးတာနဲ့ညနေကျမှလာမယ်..နာဇ်ီတို့နဲ့ချိန်းပေးဆိုပီးမှာခဲ့တယ်….ဆိုင်ကပြန်ထွက်ခါနီး သူ့သူငယ်ချင်းကောင်မလေး ဆိုင်မှာပဲလုပ်နေတဲ့သူကို ဖတ်ခနဲ့တွေ့သွားလိုက်ရသေးတယ်။
ိဒါမျိုးဆိုမျက်စိကလျှင်ပ…. နောက်မှသူပြောပြတာ ရှမ်းမလေးတဲ့…ဟီး..ဟီး..အဲဒါကြောင့် တောင်ပေါ်သူလေးတွေချောပါတယ်လိုပြောတာ…ဟဲ…ဟဲ
…Mandalay Hillကိုရောက်တော့ ထုံးစံအတိုင်း စကားပြော လျှောက်လှည့်ပတ်ကြည့်.ပီးတော့ ဆီဒိုးနားပြန်….Mr.Tanaka က နေ့လည်စားကျွေးမယ်ဆိုလို့လေ…..သူနဲ့ နေ့လည်စားအတူစား..ပီးတော့ ..သူ့ကိုနှုတ်ဆက်…စထွက်ပီ…ကားတစ်စီနဲ့…အရင်ဆုံးမဟာမြတ်မုနိဘုရားကြီးဦးတိုက်….ဦးပိန်တံတားကိုသွား… စစ်ကိုင်းကိုပတ်… စစ်ကိုင်းရောက်တော့ တခါမှ မတွေ့ဖူးသေးတဲ့ သူငယ်ချင်းကိုသွားတွေ့……
မန်းလေးပြန်ဝင် မန်းလေးတောင်ပေါ်တက်….မန်းလေးတောင်ပေါ်ရောက်တော့တောင်ထိပ်မှာ ပြုပြင်နေကျတယ်….. ရှုတ်ပွနေတာပဲ…တောင်ပေါ်ကနေ နာမယ်ကြီး အိုးဘိုထောင်ကိုအမှတ်တရ ဓတ်ပုံရိုက်လိုက်သေးတယ်….ဟီး..ဟီး…
နောက်တော့ပြန်ဆင်း….မန်းလေးမြို့ကိုပတ်…..တက္ကသိုလ်ထဲဝင်…ပြန်ထွက်..ထိပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်……အချိန်က ၅း၃၀ နေပီ…..အဲဒါနဲ့ဟိုတယ်ပြန်….ဒင်နာကျွေးဦးမယ်လုပ်နေတော့ မစားတော့ဘူး….ပြော…ဘာလို့လဲဆိုတော့ ညကျရင်နာဇီက ဘီဘီတိုက်မယ်ပြောထားလို့….အဟဲ..ဟဲ……ခဏနေတော့ ဟိုတယ်ကခုန အရာရှိမလေးနဲ့ပြန်….ဘယ်သွားမလဲလို့မေးတော့…ဖြူလေးဆိုင်ကိုပြော…ဆိုယ်ကယ်က တစ်စီးတည်း…
သူကမောင်းတတ်လားမေးတော့.. ငါ့ကရပါတယ်လို့ပြော… အမှန်က ငါကရန်ကုန်မှ စက်ဘီးကလွဲရင်စီးဘူးဟုတ်ဘူး…… ဆိုင်ကယ်ဆိုတာ ဘယ်လိုမောင်းရတယ်ဆိုတာ သူများပြောတာပဲကြားဘူးတာ… လိုင်စင်လဲမရှိဘူး… အဟေး.. .ဟေး အိုကေ….အဲဒါနဲ့ငါကရှေ့ကမောင်း.. သူကနောက်ကလိုက်.. သူကတော့ဘယ်လိုလဲမသိဘူး…… .ငါကတော့ရင်ထဲမှာ တဒိန်းဒိန်းနဲ့….. သူပါလို့ရင်ခုန်တာဟုတ်ဘူး… ဘယ်အချီသူများကပဲဝင်တိုက်သွားမလား… ကိုယ်ကပဲဝင်တိုက်သွားမလားဆိုပီး..
နောက်တော့စဉ်းစားမှတာက ငါဒီလိုမောင်းနေရင်ရောက်မှာမဟုတ်ဘူး… ဖြစ်ချင်ရာဖြစ်ဆိုပီး…. ဂီယာချိန်း..လီဗာဆွဲပစ်တာ…… ရှေ့ကဆိုင်ကယ်ဘေးကိုကပ်ကုန်ရော.. မီးပွိုင့်လဲမရှောင်ဘူး..
.လာထား.မှတ်ထားကွ….၀င်းဇော်နိုင်…. ရန်ကုန်သားကွ… နောက်ကသူကတော့ ကြောက်လို့ထင်ပါရဲ့… ငါ့ခါးကိုဖက်ထားတာ….ဟား..ဟား…. ဖြူလေးဆိုင်ရှေ့ရောက်တော့စတွေ့တာပဲ….. ဆိုင်ကယ်ကိုဘယ်လိုရပ်ရမှန်းမသိဘူး…. .ပြသနာကတော့စပီ….. အဲဒါနဲ့ဆိုင်ကိုကျော်သွားရော…ဟီး…ဟီး. ..နောက်ကသူ့ကိုမေးပီးတော့မှရပ်ရတာ……. ဆိုင်နဲ့တော်တော့်ကိုဝေးသွားပီး….. အဲဒါနဲ့အနောက်ကို လမ်းပြောင်းပြန် မောင်းချလာတယ်… ဆိုင်ရှေ့မရောက်ခင်ကတည်းက ဂီယာဖြုတ်. သော့ပိတ်လိုက်တာ…. ဆိုင်ရှေ့ရောက်တော့မှ ဘရိန်ကိုနင်းလိုက်တာ ကိုယ်တော့ချောရပ်သွားတယ်…..ဟဲ..ဟဲ….ကောင်မလေးကတော့ဘုရားတပီးပြန်သွားတယ်…ငါကတော့ ဆိုင်ထဲဝင်…ဖြူလေးနဲ့တွေ့..
..အင်တာနက်ထိုင်သုံးရင်း…နာဇီလာမှာကိုစောင့်နေတယ်..ပြောရဦးမယ်… .ဖြူလေးအရမ်းအလိုက်သိတာ….
.ငါမောလာမှန်းသိလို့… ရေအေးအေးလေးတခွက်ကြီးများတောင်တိုက်တယ်…… ငါတောင်းသောက်လို့….. နောက်တခွက်တောင်းတော့… မရတော့ဘူး.. .သောက်ချင်ကိုယ့်ဘာကိုသွားခပ်တဲ့…. ကောင်းရော…ဟဲ..ဟဲ..
.ဖြူလေးကပြောတယ်…..နေ့လည်က မစန်ဒါ လာသွားတယ်တဲ့… ရောက်တာသူဆီကိုဖုန်းမဆက်လို့ စိတ်ဆိုးနေတယ်တဲ့….. အဲဒါနဲ့ မစန်ဒါဆီကို ဖုန်းဆက်…ပီးနှုတ်ဆက်….မစန်ဒါက မနက်ဖန်မနက်စောစောထတဲ့..
Oriental House မှာ Breakfast ဒင်ဆမ်းလိုက်ကျွေးမယ်တဲ့….မင်္ဂလာရှိလိုက်တာ….ကြားရနားဝချမ်းသာလိုက်တာ……မစန်ဒါကိုတော့ အခုနောက်ပိုင်းယူဇာတွေသိကြမှာမဟုတ်ဘူး…သူမ၀င်ရေးတာအတော်ကြာပါပီ..
….၈း၀၀ လောက်ကျတော့ နာဇီရောက်လာတယ်။ ၂ယောက်သား ဘီယာဆိုင်ကိုလိမ့်ကြတာ……ငါ့ကသိပ်မသောက်ပါဘူး….. ၂ခွက်လောက်ပဲ…အမြည်းကိုတော့ ထမင်းလွတ်တီးပစ်လိုက်တယ်…… စကားပြောကြနဲ့
၁၀း၃၀ ဖြစ်သွားရော…… ပြန်ဖို့ပြင်…. နောက်ဖြူလေးအတွက် ဒိန်ချဉ်ဝယ်….ကံဆိုးချင်တော့ ဆိုင်ကမပိတ်သေးဘူး……….ဒိန်ချဉ်ဝယ်ပီး…. ဖြူလေးဆိုင်ကိုသွား….သူကမရှိတော့ဘူး…အဲဒါနဲ့ဆိုင်ရှေ့မှာ ဒိန်ချဉ်အထုပ် ကိုဒီအတိုင်းချိတ်ခဲ့တယ်… နာဇီကငါ့တည်းခိုခန်းရှေ့အထိလိုက်ပို့ပေးပီးမှ သူပြန်သွားတယ်…..ငါလည်းရေချိုးပီးအိပ်တော့တာပဲ…

(ဆက်ရန်…….)

၂၀၀၈၊ ရန်ကုန်-နေပြည်တော်-မန်းလေး-ပုဂံ-ရန်ကုန်၊အပိုင်း (၁)


ရန်ကုန်-နေပြည်တော်
————————–
ငါ့အတွက်မမေ့နိုင်ခဲ့တဲ့ခရီးကတော့….၂၀၀၈ ခုနှစ်စက်တင်ဘာလကပေါ့…ဘယ်သွားတယ်လို့တောင်ပြောလို့မရခဲ့ဘူး….တယေက်တည်း သွားခဲ့တာ….
ပထမဆုံးရန်ကုန်ကနေ နေပြည်တော်ကိုသွားတာ………သွားချင်းလွန်းလို့တော့ဟုတ်ဘူး……..စာရွက်စာတမ်းကိစ္စတွေပေါ့…အဲဒီမှာ နေပြည်တော်ယူဇာ ပျိုလေး နဲ့တွေ့ …သူ့အဆောင်ကနေ သပြေကုန်းကိုလမ်းလျှောက်….နေပူထဲမှာလမ်းလျှောက်ရတာ…….နေ့လည်ကြီးပေါ့….. ..ငါ့ကိုကောင်းကောင်း လမ်းလျှောက်ခိုင်းခဲ့တာ…….. သပြေကုန်းရောက်တော့ တောင်ပေါ်က ကြေးအိုးဆိုင်မှာ ငါ့ကိုကြေးအိုးတိုက်တယ်……ကောင်းမှကောင်း..မကျွေးချင်လို့လားမသိဘူး….. အဲဒီနောက်… သူကအဆောင်ပြန်…ငါကလိုက်သွား…..အဲ..မလိုက်သွားတော့ဘူး…….ငါလည်း…တည်းခိုခန်းပြန်….ရေချိုး…..အချိန်ကစောသေးတာနဲ့ တပ်ကုန်းသွားမယ်ဆိုပီး ပျဉ်းမနားကို ကားစီး…..တော်ဝင်ကားကြီးတွေပေါ့….. ပျဉ်မနားရောက်တော့ တပ်ကုန်းကား …..ဟိုင်ဟပ်ကားပေါ့..တက်စီး… ခါင်မိုးပေါ်ကနေ…. ကောင်းမှကောင်း လေလေး..တဖြူးဖြူးနဲ့……ပျဉ်းမနား နဲ့တပ်ကုန်း ကိုနီးနီးလေးလို့ထင်ထားတာ ၂နာရီကျော်စီးလိုက်ရတယ်….. တပ်ကုန်းမရောက်ခင် ရေဆင်းရောက်တော့ အသိဆရာမကို ၀င်တွေ့ဦးမယ်ဆိုပီး စိုက်ပျိုးရေးတက္ကသိုလ်မှာဆင်းပီးသွားတွေ့..တပ်ကုန်းကို ခရီးဆက်…..ရောက်တော့ညနေ ၄း၀၀. သူငယ်ချင်းနဲ့တွေ့…ပီးတော့သူဆိုင်ကယ်နဲ့မြို့ထဲပတ်… ဘာမှလဲရှိဘူး…မြို့ပြင်ထွက်…..MRTV-4 ရုပ်သံလွှင့်စက်ရုံဘက်ရောက်တော့….နွား အုပ်ကြီးနဲ့တန်းတိုးတာ…. ဘေးကနေကပ်သွားတာ…….အဲဒါနဲ့ဘေးနွားတစ်ကောင်ကို လှမ်းရိုက်လိုက်တာ….လိုက်ဝှေ့လို့ ဆိုင်ကယ်ကို အမြန်မောင်းပြေးရတယ်…. ကံကောင်းလို့…….အဲဒီကနေ…မြို့ထဲကိုပြန်ရောက်တော့ ညနေစာစား….
သူငယ်ချင်းကသူပါ နေပြည်တော်လိုက်မယ်ဆိုပီးလိုက်လာတယ်။ နေပြည်တော်ရောက်တော့ ည ၁၀း၀၀ ရှိပီ…ညစာစားပီးအိပ်တော့တာပဲ…….နောက်နေ့မနက် ..နိုင်ငံခြားရေးကိုသွား….စာရွက်တွေတင်ဖို့သွားတာ….ဟိုရောက်တော့ စာရွက်တင်မယ့်နေရာကဖွင့်သေးဘူး….ဒါနဲ့ လူကြီးကိုဖုန်းဆက်..နောက်တော့ စာရွက်တွေပေးလိုက်.. ၁၀မိနစ်လောက်ကြာတော့ လက်မှတ်ထို့ပီးပြန်ရောက်လာ……ကောင်းမှကောင်း…. ဆက်သွယ်ရေးစနစ်ပြောပါတယ်…ဟီး..ဟီ…..နောက်တော့…ကျန်တဲ့အစိုးရုံးတွေသွား.ပီး….တွေ့သမျှ ၀န်ကြီးရုံးတွေဝင် သွားတွေ့… ၀န်ကြီးဟုတ်ဘူး…အဲဒီကတယ်ရင်တွေကိုပါ။ နောက်ပီး….ပလန်းနက်ယူဇာ မလေး(Mantal) ရဲ့သူငယ်ချင်းကောင်မလေးနှစ်ယောက် ကိုသွားတွေ့.. သူတို့ကျွေးတာတွေ အ၀စားခဲ့တယ်……..နောက်တော့ သပြေကုန်းကိုပြန်….မန်းလေးဆက်တက်ဖို့ကားလက်မှတ်ဖြတ်. …ကြယ်စင်ဟိန်းနဲ့… အားလုံးကကောင်းတယ်ပြောလို့.. .နေက်မှဆက်ပြောမယ်…ကောင်းကြောင်းလေးတွေ….ပီးတော့ တည်းခိုခန်းပြန်…ရေခ်ျိုး….ထမင်းစားပီး..ခဏအိပ်လိုက်တယ်…..ကားက တည်းခိုခန်းရှေ့ ည ၇း၀၀ လာခေါ်မယ်လို့ပြောထားတယ်…..နိုးတော့ ၈း၀၀ ထိုးပီး…ကားကတော့သွားနှင့်ပီလို့ထင်ထားတာ….ဖုန်းဆက်ကြည့်တော့ ဂိတ်မှဆီဖြည့်တုန်းတဲ့…..ဟီး..ဟီး…တော်သေး….အဲဂလာနဲ့ အထုပ်တွေဆွဲ…တည်းခိုခန်းက ဧည့်ခန်းမှထိုင်စောင့်နေ….. တည်းခိုခန်းဆိုလို့ပြောလိုက်ဦးမယ်….. .နေပြည်တော်စည်ပင်ရဲ့တည်းခိုဆောင်လေ….. အခန်းကရှင်းလင်းနေတာပဲ…ကုတင် ၁လုံးလွဲရင်ဘာမှကိုရှိဘူး…ငါ့ဘုန်းကြီးကျောင်း(ဆီဒိုးနား) နဲ့များကွာပါ့….အဲဒီတုန်းက.. ငါ့ကဘုန်းကြီးကျောင်းရဲ့ အလယ်အလတ်တန်း အရာမရှိတရှိလေးပေါ့.. . ကြုံတုန်းကြွားလိုက်တာ….. ၉း၃၀ တော့ ကားကြီးရောက်လာပါတယ်.. ..ကြယ်စင်ဟိန်းဆိုတဲ့ဆိုင်ဘုတ်ကြီးကဟီးလို့….နောက်ကြည့်မှန် နားမှာကပ်ထားတာ…. .ငါ့လက်ဖ၀ါးထက်တောင်ကြီးသေး…. ဟီး..ဟီး…..ကားကြီးလဲကြီးသလားမမေးနဲ့ ငါ့ လက်ဂေ့ခ်ျ တင်တာမဆန့်ဘူး……စပါယ်ရာနဲ့ နှစ်ယာက်သားမပီး…..သယ်ရတယ်…….သူကတော့အားပေးပါတယ်…အကိုလေး….ပျဉ်းမနားဂိတ်ရောက်ရင် ကားချိန်းပေးမှာပါတဲ့…..အဲဒါနဲ့ ပျဉ်းမနားဂိတ်ရောက်တော့ ကားလဲကြတယ်…..အဲဒီကားကတော့မဆိုးပါဘူး……တော်တော်လေးတောက်ပြောင်နေတာပဲ..အသစ်အတိုင်းပဲ.. ..မေးကြည့်တော့…ခုနမှ ဘော်ဒီရုံက ထုတ်လာတာတဲ့…..ကောင်းရော….ဂိတ်မူး….အဲ..ဂိတ်မှူးဆီက ပလန် ကိုတောင်းကြည့်တော့….ဘေးမှာထိုင်မယ့်သူက…. မိန်းကလေးနာမယ်….ဟီး…ဟီး… ကံဇာတာကတက်နေတာများ. ….အမယ်…မကသေးဘူး.. အလယ်ထိုင်ခုံမှာလဲ.. .မိန်းကလေးနာမယ်ပဲ….အဟဲ….. ဟုတ်နေတာ…..နောက်တော့….ထိုင်ခုံနံပါတ်ရှာ…၀င်ထိုင်…. ရင်တွေခုန်လို့ပေါ့… တက်လာပီကောင်မလေး.. ၂ယောက်..မဆိုးပါဘူး…ချစ်စရာလေး……တွေ……မန်းသူတွေနဲ့တူတယ်….ငါ့ဘေးကဖြတ်ပီး..ဟိုးနောက်မှာသွားထိုင်တယ်….
သွားပဟ……ကိစ္စမရှိသေးဘူး……အောက်မှာ ချောချောလေးတွေကျန်သေးတယ်……အကုန်တက်လာတယ်…ငါ့ဘေးကမှာလာမထိုင်ကြသေးဘူး….ဟုတ်တော့ဟုတ်နေပီ…..ကားကထွက်တော့မယ်….
ဘယ်သူမှမတက်လာသေးဘူး…..ကားကနောက်ဆုတ်နေပီး……စပယ်ရာကအော်တယ်…..ခဏလေးတဲ့…တစ်ယောက်တက်ဦးမယ်တဲ့…..သေချာပီသူပဲပေါ့…..
ကားတံခါးကို လှမ်းကြည့်လိုက်တယ်…ဘုရား…ဘုရား…..ကိစ္စကတော့ရှိသွားပီ…တေပီ..ဆရာ…….ကောင်မလေးပါပဲ..အသက်က ၂၅ ၀န်းကျင်….ဘော်ဒီက ပွင့်နီးပါး လောက်ပဲ…..ငါဘ၀တော့သွားပီ….အဲဒါနဲ့လာဝင်ထိုင်တယ်…ငါ့ဘေးကို….ဖြစ်ချင်တော့…..သူ့ဘော်ဒီနဲ့ ထိုင်ခုံထဲကိုဝင်လို့ကိုရဘူး….ကားပေါ်ကလူတွေ ၀ိုင်းရီနေကြတယ်….ငါကတော့ ကျိတ်ပီးငိုလို့….နောက်တော့…စပယ်ရာကလှမ်းပြောလိုက်တယ်….အစ်မလေး….စိတ်လျှော့လိုက်တော့တဲ့….ဒီမှာလာထိုင်ဆိုပီး…ယဉ်မောင်းဘေးက ခုံမှာထိုင်ခိုင်းလိုက်တယ်….အဲဒီနေရာက ယဉ်မောင်ရဲ့ အထူးရွေးထားတဲ့…ကောင်မလေးက အလိုလို ငါ့နားရောက်လာတယ်….အဟေး…ဟေး….
အဲဒါတွေပြောနေတာနဲ့ပဲ ကားက ပျဉ်းမနားကနေကိုထွက်ရသေးဘူး….၁၁း၀၀ ထိုးတော့ ကားကထွက်ပါပီ……….. အဟဲ…..ဘေးကကောင်မလေးနဲ့ မိတ်လေးဘာလေးဆက်… ဘာညာသရကာနေကြာကွာစိပေါ့…..ဒီလိုနဲ့ဘယ်လို မန်းလေးဘယ်လိုရောက်သွားမှန်းတိဘူး……သူပြောမှ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လား…..လား……. ဘူတာကြီးကိုမြင်နေရတယ်……အဲဒါနဲ့အသည်းအသန် စပယ်ရာကို အထုပ်ချခိုင်း….စာအုပ်ထုပ်ပီး…ကောင်းမလေးနာမယ်နဲ့ လိပ်စာ..ဖုံးနံပတ်ရေးခိုင်းလိုက်တယ်…. အဟီး..ဟီး…အဲဒါနဲ့နှုတ်ဆက်ပီးဆင်းလာခဲ့တယ်…..လိပ်စာကတော့အမှန်ဗျ…..သူမှတ်ပုံတင်ထုတ်တုန်းက ခိုးကြည့်ထားတား……ဟဲ..ဟဲ…..အောက်ရောက်တော့ လက်လေးလှမ်းပြ… ပီးတော့ဖုန်းဆက်တဲ့….ကားကြီးကတလိမ့်လိမ့်နဲ့ထွက်သွားရော…..ရင်ထဲမှာဟာတာတာကြီးကျန်ခဲ့တယ်……..ဟိုသီချင်းထဲကလိုပေါ့….
“တွေ့လိုတောင်မ၀သေးခင်…ခွဲရတော့မယ်……”

(ဆက်ရန်)…

Genting Highland သို့ ၃ ရက်တာ (အပိုင်း – ၂)


လေယာဉ်ပေါ်ကနေဆင်းပြီး အထဲကိုဝင်လာခဲ့ပါတယ်။ နောက် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ နိုင်ငံကူးလက်မှတ်စာအုပ်ကို ပြလိုက်ပါတယ်။ ဟိုလှန်ဒီလှန်နဲ့ ဖတ်ပါတယ်။ ဘာလာလုပ်လဲတော့ မမေးပါဘူး။ နောက်တော့ “ဒုန်း” ဆိုပြီးအသံထွက်လာပါတယ်။ နိုင်ငံကူးစာအုပ်မှာ တံဆိတ်တုံးထုတဲ့အသံပါ။ ကျွန်တော် မလေးရှားနိုင်ငံကို တရားဝင် ၀င်ခွင့်ရသွားပါပြီ။ ရက် (၂၀) တိတိပါ။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးကောင်တာကို ကျော်ဖြတ်ပြီးနောက် အထဲကို ၀င်လာခဲ့ပါတယ်။ နောက်တခြားသူတွေကို စောင့်ရင်းနဲ့ ကျွန်တော်ရဲ့ ဖုန်းကို ထုတ်ပြီး SIM ကဒ်လဲပါတယ်။ စင်္ကာပူနိုင်ငံသုံး SIM ကဒ်ကနေ မလေးရှားနိုင်ငံသုံး SIM ကဒ်ကိုပြောင်းထည့်လိုက်တာပါ။ ပြီးနောက် မလေးရှားမှာ ရှိတဲ့ သူငယ်ချင်းကိုဖုန်းဆက်ပြီး ရောက်နေကြောင်းလှမ်းပြောလိုက်ပါတယ်။ ပြောရင်းနဲ့ Duty Free ဆိုင်တွေထဲကိုလျှောက်ဝင်လာရင် ပြန်ရင်ဘာဝယ်သွားရမလဲဆိုတာ စိတ်ထဲကနေ ရွေးနေမိတယ်။ ဗိုက်ဆာလာတာနဲ့ လေဆိပ်ထဲမှာ ရှိတဲ့ မက်ဒေါ်နယ် ဘာဂါဆိုင်ထဲမှာ မနက်စာစားကြပါတယ်။ ကျွန်တော်၊ Aurther, A.A, Pamela နဲ့ Cherry… ငါးယောက်ပေါ့။ တခြားသူတွေကတော့ မက်ဒေါ်နယ်ရှေ့က MerryBrown မှာစားကြတယ်။ စားပြီးသောက်ပြီးတော့ အချိန်ကစောနေသေးတယ်။ နောက်ထပ်ရောက်လာမယ့်သူတွေက ကျန်သေးတယ်။ နောက်ဆုံးရောက်လာမယ့် အသုတ်က နေ့လည် ၁၂း၀၀ ကျော်မှ လေယာဉ်ဆိုက်မှာ။ အခုက ၉း၃၀ လောက်ပဲရှိသေးတာ။ ဒီတော့ ဟိုလျှောက်ဒီလျှောက်၊ လေဆိပ်ထဲမှာ လမ်းသလားကြပါတယ်။ ကျွန်တော်ကတော့ စာအုပ်ဆိုင်ထဲ ၀င်ပြီးစာအုပ်တွေဖတ်နေတယ်။ အဲဆိုင်မှာပဲ မလေးရှားရင်းဂစ် (၃၀) တန် ဖုန်းကဒ်တကဒ်ထပ်ဝယ်ပြီး ဖုန်းထဲကို ဖြည့်လိုက်ပါတယ်။ နောက် MerryBrow ကိုပြန်ပြီး ထိုင်ခုံမှာထိုင်ကာ တစ်ရေးအိပ်လိုက်ပါတယ်။ မနက်အစောကြီးထလာတာ ဆိုတော့ နည်းနည်းပင်ပန်းနေပြီ။ မင်္ဂလာအတွေးများစာအုပ်ကိုဖတ်ပြီး မျက်စိစင်းလာတော့ အိပ်လိုက်ပါတယ်။ နိုးလာတော့ ၁၂း၀၀ ကျော်ကျော်လေးပဲရှိတယ်။ ဒါနဲ့ မုန့်လေးတခုထပ်စားရင်း နေလိုက်တာ ခဏနေတော့ နောက်ဆုံးအသုတ်ရောက်လာပါပြီ။ လူလဲစုံပြီ။ ဒီတော့ နောက်ထပ် ခရီးဆက်ဖို့ လေဆိပ်အပြင်ကိုထွက်လာခဲ့တယ်။ အပြင်ရောက်တော့ အသင့်စောင့်နေတဲ့ ကားကြီးပေါ်တက်ပြီး နောက်ဆုံးပန်းတိုင်ရှိရာ Genting Highland ကိုဆက်လက်ထွက်ခွာခဲ့တယ်။


လေဆိပ်ကထွက်ပြီး သိပ်မကြာခင်မှာပဲ ကျယ်ဝန်းတဲ့ လမ်းမကြီးပေါ်ကိုရောက်လာတယ်။ လေဆိပ်နဲ့ ကွမ်လမ်လာပူမြို့က အတော်လှမ်းပါတယ်။ ကျွန်တော့်အထင် တစ်နာရီကျော်ကျော် ကားစီးရမယ်ထင်တယ်။ လေဆိပ်အလွန်လမ်းမကျယ်ကြီးပေါ်ရောက်တော့ ဘေးတစ်ဖက်တစ်ချက်စီမှာ ဆီအုန်းစိုက်ခင်းတွေ အများကြီးပဲတွေ့ရတယ်။ မျက်စိတဆုံး ဆီအုန်းပင်တွေစိုက်ထားတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကော့သောင်းလို့ နေရာမျိုးပေါ့။ ရာသီဥတုလည်းတူတယ်။ ရေမြေအနေအထားလဲတူတယ်။ မိုးရေချိန်ရရှိမူလည်းအတူတူပဲ။ ကျွန်တော်တို့ သွားနေတုန်းမှ မိုးလေက တဖွဲဖွဲကျလို့.. လွန်ခဲ့ ၅ နှစ်တာ ကျွန်တော်ကော့သောင်းကို ရောက်ခဲ့စဉ်က အချိန်ကို ပြန်သတိရမိတယ်။ အဲဒီတုန်းက ကျွန်တော်က စင်္ကာပူနိုင်ငံ အခြေစိုက် ဗိသုကာဒီဇိုင်းရေးဆွဲတဲ့ ကုမ္ပဏီတခုဖွင့်လှစ်ထားတဲ့ ရန်ကုန်ရုံးရဲ့ စီမံကိန်မန်နေဂျာ (Project Manager)ပါ။ ကျွန်တော်လုပ်တဲ့ ကုမ္ပဏီက ဆီအုန်းစက်ရုံစီမံကိန်းအတွက် လုပ်ငန်းတခုရလိုက်ပါတယ်။ သာကေတ မြို့နယ်မှာရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီးထိပ်တန်းကုမ္ပဏီကြီးတခုပိုင်တာပေါ့။ နာမည်တော့မပြောတော့ပါဘူး။ အဲဒီကုမ္ပဏီကနေ ကျွန်တော်တို့ကို ကော့သောင်းဆီအုန်း စိုက်ခင်းတွေဆီကို လက်တွေ့ကွင်းဆင်းလေ့လာဖို့ စီစဉ်ပေးတာဖြစ်ပါတယ်။ ကော့သောင်းက ရာသီဥတုနဲ့ အခုကျွန်တော်ရောက်နေတဲ့ မလေးရှားနိုင်ငံရာသီဥတုက အတော်လေးတူပါတယ်။ ဒါကြောင့်မလေးရှားနိုင်ငံဟာ ဆီအုန်းအဓိကထွက်ရှိရာနိုင်ငံ အဖြစ် ကမ္ဘာမှာ နာမည်ရှိနေတာပါ။


တစ်ဖြည်းဖြည်းနဲ့ ကားကကွမ်လမ်လာပူမြို့ထဲကို ၀င်လာပါပြီ။ မလေးရှားနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ အမွှာမျှော်စင်ကို လှမ်းမြင်နေရပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က မြို့ထဲမ၀င်ပါဘူး။ မြို့ရှောင်လမ်းကနေ သွားတာပါ။ တဖြည်းဖြည်းနဲ့ မြို့ပြအရိပ်အသက်တွေ ကင်းကွာလို့ တောင်ပေါ်ဒေသ ရူခင်းတွေပြောင်းလဲမြင်လာရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆို ပဲခူးရိုးမတောင်းတန်းတွေလို့ပေါ့။ မြူတွေဆိုင်းနေတဲ့ တောင်တန်းတွေနဲ့ တောင်ခိုးတွေဝေနေပြီ တောင်ထိပ်ကိုမမြင်ရတဲ့ တောင်တွေကိုတွေ့နေရပါတယ်။ ရာသီဥတုကလည် စိမ့်စိမ့်လေးနဲ့ အေးလာပြီ။ သိပ်မကြခင်မှာ ကားက ခဏနားပါတယ်။ ကျွန်တော်တို့လည်း အပေါ့အပါးသွား၊ စားသောက်ဆိုင်မှာ စားစရာတွေစားနဲ့ပေါ့။ နေ့လည်စားမှမစားရသေးတာ။ စားပြီးတာနဲ့ ကားပေါ်တက်ကြပြီးခရီးဆက်ကြတယ်။


လမ်းတွေက တောင်တက်လမ်းတွေဖြစ်လာပြီ။ တောင်တက်လမ်းတွေဆိုပေမယ့် လမ်းတွေက အကျယ်ကြီးပါ။ ရန်ကုန်-မန္တလေး (၆) လမ်းသွားတွေလောက်ကိုကျယ်ပါတယ်။ အမြင့်ရောက်လာလေ၊ မြူတွေကျလာလေ၊ တောင်အောက်ကိုမမြင်ရလေဖြစ်လာတယ်။ လေဆိပ်ကနေ ၃နာရီကျော်ကျာ် ကားစီးပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ ပန်းတိုင်ရှိရာ Genting HighLand ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီနောက် ကိုယ်နေရမယ့်အခန်းကိုရှာပြီး အထုပ်အပိုးတွေချ၊ ခဏနားကြပါတယ်။ နာရီဝက်လောက် နားပြီးတော့ Genting HightLand ရှိ နာမည်ကြီး ကက်စီနိုကစားပွဲတွေရှိရာကို သွားကြပါတယ်။ အစကတော့ ကျွန်တော်ကစားဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဟိုရောက်တော့ မကစားရဲ့တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကစားဖြစ်ရင် ရင်းဂစ်ရာဂဏန်းလောက်ပဲ သုံးနိုင်မှာ။ အဲ့ဒီမှာကစားနေတဲ့သူတွေက တစ်ခါထိုးရင် ရာဂဏန်းတွေချည်းပဲ။ သူတို့တခါထိုးတာက ကျွန်တော် ကစားဖို့သတ်မှတ်ထားထက် ပမာဏထက်ကျော်နေတယ်။ အဲဒါနဲ့ မကစားတော့ပဲ ဘေးကနေပဲကြည့်နေတော့တယ်။ နောင်တစ်ချိန်မှ လာကစားမယ်လို့ စိတ်ထဲမှာ တေးမှတ်ထားတာပေါ့။ ကစားဝိုင်းတွေရှိတဲ့ အထဲမှာ ဓတ်ပုံရိုက်ချင်ပေမယ့် ခွင့်မပြုလို့ မရိုက်ခဲ့ရပါဘူး။

ညနေ ၆း၀၀ ကျော်ကျော်လောက်မှာ ပြန်လာပြီ ညနေစာကို MerryBrown မှာ ကြုံသလို့ ကြက်ကြော်ပဲစားလိုက်တယ်။ နောက်အခန်းပြန်ကြပါတယ်။ ရေချိုးပြီးတော့ ဧည့်ခန်းထွက်လာပြီး ကျွန်တော်တို့ (၅)ယောက်စကားပြောကြ၊ စကြနောက်ကျနဲ့ပေါ့။ ပျော်စရာကြီးပါ။ အလုပ်မှာလဲ နေ့တိုင်းတွေ့နေရမယ့် ပြောဆိုဆက်ဆံနေရပေမယ့် အခုလို လွတ်လွတ်လပ်လပ် ပြောဆိုတာမျိုးမရှိခဲ့ဘူးလေ။ ဓတ်ပုံတွေရိုက်ကြ၊ သီချင်းနားထောင်ကြနဲ့ တော်တော်လေးမောမှ ကိုယ့်အခန်းကိုယ်ပြန်ပြီ အိပ်ကြတယ်။

(ဆက်လက်ဖော်ပြပါဦးမယ်။)

Genting Highland သို့ ၃ ရက်တာ (အပိုင်း – ၁)


တီ…. တီ…. တီ…

ညက မနက်၎း၀၀ နာရီ နိုးစက်ပေးထားသဖြင့် ဖုန်းမှထမြည်ခြင်းဖြစ်သည်။ အထုပ်အပိုးပြင်နေသဖြင့် အိပ်ရာဝင်နောက်ကျသောကြောင့် မျက်လုံးက သိပ်မဖွင့်ချင်ဖြစ်နေသည်။ ဒါပေမယ့် မထလို့မဖြစ်… လေယာဉ်ချိန်က မနက် ၇း၄၅၊ ပုံမှန်အားဖြင့် Check-in က ၁နာရီခွဲ စောဝင်ရမည်ဖြစ်သည်။ ၃ရက်ကြိုတင်ပြီး အွန်လိုင်း Check-in ၀င်ထားသောကြောင့် လေဆိပ်ကို ၆း၃၀ လောက်ရောက်လျှင်ဖြစ်သည်။ သို့သော် တခုတခုဆို ကြိုတင်လုပ်လေ့ရှိသော ကျွန်တော့်အကျင့်ကြောင့် အစောကြီးနှိုးစက်ပေးထားခြင်းဖြစ်သည်။

မျက်စိကို အတင်းဖွင့်ပီး ကုတင်ပေါ်မှဆင်းကာ တခြားသူငယ်ချင်းတွေကို အိပ်ရာမှထရန် SMS ပို့လိုက်သည်။ နောက်လိုအပ်သည် အရာများမမေ့ရန် သတိပေးလိုက်ရသေးသည်။ ပထမဆုံး ရီပလိုင်းပြန်လာသူက Cherry၊ အဲဒီနောက် A.A၊ Pamela ကတော့ အိပ်ကောင်းတုန်း.. သူကတော့ သူ့ချစ်ချစ်ကြီးက လိုက်ပို့မှာဆိုတော့ အေးဆေးပေါ့။

ရေချိုးအ၀တ်အစားလဲ ပြီးတော့ Cherry ဆီကို SMS ပို့ အဆင်သင့်ဖြစ်ရင် ကျွန်တော်ထွက်လာတော့မယ်ဆိုတာကို လှမ်းမေးတော့ ရယ်ဒီပဲတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ဘုရားကန်တော့ ပြီးအထုတ်ဆွဲကာ အောက်ကိုဆင်းလာခဲ့တယ်။ လမ်းမပေါ်ရောက်တော့ Taxi ငှားကာ Cherry နေထိုင်ရာ Ang Mo Kio ကိုထွက်လာခဲ့တယ်။ သူ့လမ်းထိပ်ရောက်တော့ အဆင်သင့် သူ့ကိုတွေ့ရတယ်။ ဒါနဲ့ ၂ ယောက်သား A.A နေထိုင်ရာ Bedok ကိုဆက်သွားကြတယ်။ ရောက်တော့ သူ့ကိုခေါ်ပြီး လေဆိပ်ကိုဆက်သွားကြတယ်။ လေဆိပ်ရောက်တော့ ၆း၀၀ ရှိပြီ။ စောတော့ စောသေးတယ်။ ဒါနဲ့ပဲ ၀င်ရမယ့် ဂိတ်ပေါက်ရှေ့က ထိုင်ခုံတွေမှာ ထိုင်ရင်း နောက်လူတွေကို စောင့်နေလိုက်တယ်။ သွားကြမယ်သူတွေက စုစုပေါင်း ၂၅ ယောက်၊ လေယာဉ်ချိန်တွေကမတူဘူး။ ကျွန်တော်တို့ ပထမအသုတ်မှာ ၉ ယောက်ပါတယ်။ ၆း၃၀ မှာတော့ လူစုံသွားပြီ။ ဒါနဲ့ ကျွန်တော်တို့ အထဲကို ၀င်လာခဲ့ကြတယ်။ အထဲရောက်တော့ Duty Free ဆိုင်တွေမှာ Window Shopping ပေါ့။ ၇း၁၅ လောက်မှာ Announce အသံကြားရတော့ အတွင်းထဲထိဝင်လာခဲ့ပြီး စစ်ဆေးရေးဂိတ်မှာ အထုပ်တွေအစစ်ဆေးခံပြီး နောက်ဆုံးဂိတ်ပေါက်ဝထိရောက်လာပြီ။ ခဏနေတော့ လေယာဉ်ပေါ်တက်ကြတယ်။

စီးမယ့်လေကြောင်းက Air Asia လိုင်း၊ ပထမဆုံးစတွေ့တာက လေယာဉ်မယ်လေးပါ (Air Asia မှ လေယာဉ်မယ်များ သိပ်မချောကြပါ)။ နောက်တော့ ကိုယ်ထိုင်ခုံ ကိုယ်ရှာ၊ အိတ်ကို ပေါ်က အထုပ်ထားတဲ့ စင်မှာတင်လိုက်တယ်။ ကျွန်တော်ထိုင်တာက နောက်ဆုံးခုံ၊ ကျွန်တော်နောက်မှာ Toilet ပဲရှိတော့တယ်။ ကျွန်တော့်ဘေးမှာ ထိုင်သူက Aurther.. အဲဒီအချိန်မှာပဲ လေယာဉ်မယ်လေးက အရေးပေါ်အခြေအနေမှာ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို သရုပ်ပြတယ်။ ထိုင်ခုံခါးပတ်၊ အသက်ကယ်ဝတ်စုံ ဘယ်လိုဝတ်ရမယ်ဆိုတာတွေကိုပေါ့။

၁၀မိနစ်လောက်တော့ကြာမယ်ထင်တယ်။ အဲဒါလဲပြီးရော လေယာဉ်စထွက်ဖို့ အချက်ပေးသံမြည်လာပြီး လေယာဉ်က ပြေးလမ်းရှိရာကို တစ်ရွေ့ရွေ့နဲ့ မောင်းထွက်လာပါတယ်။ ပြေးလမ်းပေါ်ရောက်တော့ လေယာဉ် တဖြည်းဖြည်းနဲ့ မြန်လာပီ ၂မိနစ်အတွင်းမှာပဲ မြေပြင်နဲ့ လွတ်သွားပါတယ်။ ကျွန်တော်လည်းအိပ်ထဲမှာ ပါလာတဲ့ ရဝေနွယ်(အင်းမ)ရဲ့ မင်္ဂလာအတွေးများ စာအုပ်ကိုဖတ်ရင်း လိုက်ပါသွားပါတယ်။ နာရီဝက်ကျော်ကျော် ကြာတော့ Announcement သံထွက်လာပါတယ်။ သိပ်မကြာခင် မလေးရှားနိုင်ငံ၊ ကွမ်လမ်လာပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းတော့မှာ ဖြစ်တဲ့အကြောင်းပေါ့။ ဒါနဲ့ ကျွန်တော်လည်း စာအုပ်ကိုသိမ်းလိုက်ပြီး ဘေးပြတွင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ လေဆိပ်ကို ခပ်ရေးရေးမြင်နေရတယ်။ လေယာဉ်ကတော့ တဖြည်းဖြည်းနဲ့ နိုမ့်ဆင်းလာပြီး ခဏအတွင်းမှာ လေယာဉ်ဘီးနဲ့ ပြေးလမ်းထိသွားတာကို သိလိုက်တယ်။ တဖြည်းဖြည်းနဲ့ အရှိန်လျှော့လာပြီး လေယာဉ်ရပ်သွားပါတယ်။ နောက် အထုပ်ဆွဲပြီး လေယဉ်ပေါ်က ဆင်းလိုက်ပါတော့သည်။ လေယာဉ်ရပ်လိုက်တဲ့ နေရာက LCCT လို့ခေါ်တဲ့ Air Asia လေယာဉ်များသာ ဆင်းတဲ့ ကွန်ပေါင်းတခုပေါ့။

ပထမဦးဆုံး မလေးရှားမြေကို ညာဘက်ခြေထောက်နဲ့ စတင်နင်းကာ မလေးရှားလေကို တ၀ကြီးရူရှိုက်လိုက်ပါတော့သည်ခင်ဗျာ။

(ဆက်လက်ဖော်ပြပါမည်။)

%d bloggers like this: