A journey of a thousand miles must begin with a single step.

အပြာရောင် အချစ်ည … (သို့) အမှတ်တရ ချောင်းသာ (အပိုင်း – ၁)

ဒီနေ့မနက် ရုံးသွားတော့ ကားပေါ်မှာသီချင်းနားထောင်မိတယ်…. အရင်မနက်တွေဆို ပရိတ်ကြီး ၁၁ သုတ်ကိုပဲ နာတာ။ ဒီနေ့တော့ သီချင်းနားထောင် ဖြစ်တယ်။ မျိုးကြီးရဲ့ အပြာရောင်အချစ်ည သီချင်းကို ရောက်တော့ အရင် ကျွန်တော်သင်တန်းတက်တုန်း အချိန်တွေကို ပြန်မြင်ယောင်လာတယ်။ ဒီသီချင်းက ကျွန်တော်တို့ သူငယ်ချင်းတစုရဲ့ ဘယ်တော့မှမေ့နိုင်မဲ့ သီချင်းမဟုတ်ပါဘူး။ ပြန်စဉ်းစားရင်း… ပြန်စဉ်းစားရင်း………………..

၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့ မနက် ၃း၀၀…
ကျွန်တော်တစ်ယောက်တည်း အထုပ်လေးဆွဲလို့ စင်ထရယ်ဟိုတယ်ရှေ့မှာ။ ကားက ၄း၀၀ ဆိုတော့ စောတော့စောသေးသည်။ ဒါနဲ့ ဟိုတယ်ထဲကိုဝင် ဧည့်ကြိုကောင်တာကနေ ပီးတော့ ဆရာ ခိနိုးရှိတ ဆီကိုဖုန်းဆက်တော့ နောက် ၁၀ မိနစ်ဆို ဆင်းလာမယ်တဲ့။ အဲဒါနဲ့ပဲ ဧည့်ခန်းမမှာ ထိုင်စောင့်နေလိုက်တယ်။ အချိန်အတိအကျမှာပဲ ဆရာရောက်လာတယ်။ နောက် အထုပ်ကိုယ်စီဆွဲကာ ပန်းဆိုးတန်း ဘုရားဖူးကားတွေ ဂိတ်ထိုးတဲ့ နေရာကိုလမ်းလျှောက်သွားကြတယ်။ ၁၅ မိနစ်လျှောက်လိုက်ရတယ်။ ဟိုရောက်တော့ တခြားသူငယ်ချင်းတွေမရောက်ကြသေးဘူး။ ၁၀ မိနစ်လောက်နေတော့ မိုမို ရောက်လာတယ်။ နောက် တဖြည်းဖြည်းနဲ့ ရောက်လာကြပါပီ။ ကိုမြင့်ငြိမ်း၊ ကိုကြီးကျော်၊ မျိုးဇော်၊ကိုချစ်ကို၊ နီလာ၊သဇင်၊ စန္ဒာ၊ သိမ့်၊ မနန်း၊ လူစုံပါပီ။ အားလုံး ၁၁ ယောက်။ ကျွန်တော်အပါအ၀အ၀င်ပေါ့။ ၄း၀၀ ကျော်ကျော်လောက်မှာ လေအိတ်ကားကြီးရောက်လာပါပီ။ ဒီကားကတော့ ကျွန်တော်တို့ သူငယ်ချင်းတစုကို ချောင်းသာ ကမ်းခြေကို ခေါ်ဆောင်သွားမယ့် ကားကြီးပေါ့။

ကားပေါ်တက်အထုပ်တွေနေရာချ။ ကိုယ့်နေရာကိုယ်ထိုင်ကြပေါ့။ ကျွန်တော့ဘေးမှာတော့ ဆရာခိနိုးရှိတပေါ့။ ကားကစထွက်ပါပီ။ ၄း၃၀ လောက်မှာ။ လမ်းမှာ လူတွေလိုက်ကြိုရင်းနဲ့ ၅း၃၀ လောက်မှာ ရန်ကုန်မြို့ကနေစထွက်ခဲ့ပါတယ်။ လိုင်သာယာ မြို့ဘက်နေပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတစု ကတော့ စလိုက်နောက်လိုက်နဲ့ ပျော်ရွှင်လို့ပေါ့။ ဟိုဟာဖောက်စား ဒီဟာဖောက်စားနဲ့.. သီချင်းလဲဆိုလိုက်ကြနဲ့ ကားတစီးလုံးကျွန်တော်တို့ အုပ်စုအသံတွေ ပျံ့လို့…. ဒီလိုနဲ့ လမ်းမှာ နားလိုက်၊သွားလိုက်နဲ့… မနက် ၁၀း၀၀ လောက်ကျတော့ ကားပျက်ပါလေရော…. ဘီးပေါက်တာတော့မဟုတ်ဘူး။ စက်ပိုင်းဆိုင်ရာဖြစ်တာ… ပုသိမ်ရောက်ဖို့ကလည်း တော်တော်လိုသေး.. ပျက်သွားတဲ့ အရာက အနီးအနားက ၀ပ်ရှော့တွေမှာဝယ်လို့မရဘူး။ ဆိုင်တိုင်းက ပုသိမ်မှာ သွားဝယ်မှပဲရမယ်… ဒီတော့ ရွေးစရာလမ်းမရှိတော့ ယဉ်နောက်လိုက် က ပုသိမ်မှာသွားဝယ်တယ်။ ဒီတော့ ကားကလမ်းဘေးမှရပ်ထားလို့… ကျွန်တော်တို့ အုပ်စုကတော့ ရောက်ချင်တဲ့အချိန်မှရောက်၊ ရောက်တဲ့နေရာမှာ ပျော်ပျော်နေမယ့်သူတွေဆိုတော့ ကားပေါ်က စားစရာတွေချ၊ လမ်းဘေးက အပင်ရိပ်အောက်မှာ ၀ိုင်းဖွဲ့၊ စားကြသောက်ကြ၊ ဂီတာတီးပီးသီချင်းဆိုကြ..နဲ့… ဂစ်တာတီးတဲ့သူကတော့ ကိုမျိုးဇော်ပေါ့…… ဆိုသူတွေကတော့ ဆရာကလွဲရင် ကျန်တဲ့သူတွေ အားလုံးပေါ့… သူက မြန်မာလိုမတတ်ဘူးလေ…. ဒါပေမယ့် လက်ခုပ်နဲ့ စည်းချက်လိုက်ပေးသေးတယ်…..

အပြုံးနဲ့ မှေးစက်တော့ချစ်သူရေ…
ထပ်ပီးတော့မဝေးတော့ဘူး..
ငြိမ်းချမ်းလှပတဲ့ ကိုယ့်အချစ်များစွာယူ..
အလွမ်းကြောင့် ကျခဲ့တဲ့ မျက်ရည်တွေ..
ဒီအချိန်မှာ တိတ်လိုက်တော့..
မျှော်လင့်ခဲ့ရတဲ့ အချစ်ညလေး..
အတူတူရောက်ရှိခဲ့ပေါ့…
အတူရောက်ရှိခဲ့ပေါ့….
အပြာရောင် အချစ်ည …
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
သီချင်းလေးနဲ့ ချော့သိပ်ချင်တယ်…
ဒီရင်မှာ အိပ်စက်တော့..
ပျောက်ဆုံးမသွားတော့မယ့် အချစ်ညလေး…
ထာဝရ သိမ်းထားလိုက်တော့…
သိမ်းထားလိုက်တော့….
အပြာရောင် အချစ်ည..
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
အိပ်မက်တွေ လှပစေ..
တို့ အချစ်ညလေး…..
တောင်းဆုတွေ ပြည့်စေ….
တို့ အပြာရောင်ညလေး…
အပြာရောင် အချစ်ည..
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည…..

(ဆက်လက်ဖော်ပြပါမည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s