A journey of a thousand miles must begin with a single step.

အပြာရောင် အချစ်ည … (သို့) အမှတ်တရ ချောင်းသာ (အပိုင်း – ၂)

ကျွန်တော်တို့ အုပ်စုကတော့ စားလိုက်သောက်လိုက် သီချင်းဆိုလိုက်နဲ့ပေါ့။ ဒီလိုနဲ့ နေ့လည် ၂နာရီခွဲ လောက်မှာ ကားပြန်ကောင်းသွားပြီ။ ဒီလိုနဲ့ ခရီးဆက်ကြပေါ့။ ပုသိမ်မြို့ ကိုကျော်… ပုသိမ်တက္ကသိုလ်ကိုတော့ လမ်းပေါ်ကနေမြင်ခဲ့ရတယ်… ပုသိမ်ကျော်လာတာနဲ့ လမ်းက တဖြည်းဖြည်းကြမ်းလာပီ… ပတ်ဝန်ကျင်းကလည်း မြို့ပြအရိပ်အရောင်ကင်းလို့ တောထဲရောက်သွားသလို့ ဖြစ်လာတယ်။ လမ်းဘေးမှ သစ်ပင်ကြီးတွေနဲ့… မိုးကလည်း တဖွဲဖွဲရွာလို့… နောက် တောင်တက်တောင်ဆင်းတွေ…. ချောင်းသာကမ်းခြေနဲ့တော့ တဖြည်းဖြည်းနီးလာပီ။ သိပ်မကြာဘူး..သွားရင်း..သွားရင်းနဲ့ တောင်ထိပ်တခုပေါ်ရောက်တော့ ပင်လယ်ပြာပြာကြီးကိုမြင်လိုက်ရတယ်… ကျွန်တော်တို့သူငယ်ချင်း တစု ထအော်လိုက်တော တခြားအိပ်နေတဲ့ သူတွေလဲ လန့်နိုးလာကြတယ်။ နောက်ချောင်းလေးတခုကို ဖြတ်ပီးဆောက်ထားတဲ့ တံတားလေးတခုကိုတွေ့တယ်…. ကားပေါ်မှာပါလာတဲ့ ကောင်လေးက တံတားလေးနာမည်ကိုပြောပြတယ်… ရိုးရိုးပြောတာမဟုတ်ဘူး။ ကိုရီးယားနာမည်နဲ့ပြောတာ….. တံတားနာမည်က လီဆောင်းဦးတံတားတဲ့… ဆောင်းဦးတံတားဆိုလဲရတယ်တဲ့…စဉ်းစားကြတဲ့…. အကုန်လုံးစဉ်းစားကြတယ်။ ဘယ်သူမှမသိဘူး…. အားလုံးက ပြောပြပါတော့ဆိုမှ ပြောပြတယ်။ နာမည်က ဥတိုတံတားတဲ့…… ပထမတော့ ဘယ်သူမှ နားမလည်ကြသေးဘူး…. နောက်တဖြည်းဖြည်းစဉ်းစားရင်းနဲ့ အတွေးပေါက်လာပီး တစ်ကားလုံးရယ်လာကြတာ ချောင်းသာကမ်းခြေကို ၀င်ကာနီး အခွန်ဆောင်တဲ့နေရာရောက်မှ တိတ်သွားကြတယ်။ အားလုံး ကိုယ်အထုပ်ကိုယ်ပြင်ကြပေါ့… နောက်တော့ ကိုယ်တည်းမယ့်ဟိုတယ်တွေ ကိုမေးပီး ဟိုတယ်ရှေ့မှာ လိုက်ချပေးတယ်။

ကျွန်တော်တို့တည်းမယ့် ဟိုတယ်ရှေ့ရောက်တော့ အထုပ်တွေချပီး ပြန်ဖို့လာကြိုဖို့အချိန်ကို ပြောကြတယ်။ ကျွန်တော်နဲ့ ဆရာက ၂ရက်ပဲနေမှာ။ နောက်နေ့ဆိုပြန်မှာ။ ကျန်တဲ့သူငယ်ချင်းတွေက ၃ရက်နေမှာ…. အမှန်တော့ ကျွန်တော်ဒီချောင်းသာခရီးကို အစက လိုက်ဖို့အစီအစဉ်မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်အဖေဆုံးတာ ၄၉ရက်ပြည့်ကန်တော့ဖို့နဲ့ တိုက်ဆိုင်နေတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကိုချစ်တတ်တဲ့ ကျွန်တော် ၂ရက်ပဲနေမယ်ဆိုပီး ရအောင်လိုက်လာတာ…. ဆရာကလည်း ကျွန်တော်ပြန်မှာဆိုတော့ သူပါလိုက်ပြန်လာတာ.. ဒီလိုနဲ့ ဟိုတယ်မှာ အခန်းရွေးကြနဲ့ပေါ့။ ရန်ကုန်မှာကတည်းက ဘွတ်ကင်လုပ်ထားပီးသားဆိုတော့ အခန်းမရမှာမပူရဘူး။ အားလုံး ၅ ခန်းပေါ့.. ကျွန်တော်နဲ့ ဆရာက တခန်း၊ နောက်ကျန်တဲ့ ယောင်္ကျားလေးတွေက ၂ခန်း၊ မိန်းခလေးတွေက ၂ခန်း ပေါ့။ ဆရာပါတော့ ကျွန်တော်တို့နေတဲ့အခန်းက အဲကွန်းနဲ့…. ဒါနဲ့ အထုပ်တွေချ…. အခန်းတံခါးပြန်ပိတ်… ကမ်းခြေဘက်ကို ပြေးထွက်လာကြတယ်။ ရောက်တဲ့အချိန်က နောက်ကျနေလို့ ဖိုးကုလားကျွန်းကို အရင်သွားကြတယ်. ဘာလိုလဲဆိုတော့ နောက်နေ့ ဆို ကျွန်တော်နဲ့ ဆရာက ပြန်မှာလေ…. ကမ်းခြေတလျှောက် လမ်းလျှောက်ရင် ဖိုးကုလားကျွန်းကိုသွားမယ့် စက်လှေဆိပ်ကိုသွားကြတယ်။ လမ်းမှာ ခရုခွံလေးတွေ ကောက်ရင်နဲ့ပေါ့… သူငယ်ချင်းတွေအုပ်စုလိုက်… ပျော်စရာကြီးပေါ့ဗျာ… ရေးရင်းရေးရင်းထပ်တောင်သွားချင်လာပီ။ ဟိုရောက်တော့ စက်လှေစီးပီး ဖိုးကုလားကျွန်းကိုကူးကြ…… ရောက်တော့ လျှောက်ပတ်ကြည့်ကြ…ဓတ်ပုံရိုက်ကြ… အုပ်စုလိုက်ပုံတွေကော.. တယောက်ချင်းပုံတွေကော…. တနာရီလောက်ကြာတော့ ဒီဘက်ကမ်းပြန်လာကြတယ်…. ဟိုတယ်ကိုပြန်ပီး…အ၀တ်အစားလဲ ပီးအားလုံးရေးထဲဆင်ပြေးကြတာပေါ့…… ပျော်စရာကြီးပေါ့…. အားလုံးတော်တော်မောတော့မှ ပြန်တက်လာကြတယ်။

အခန်းပြန်…ရေချိုး… အ၀တ်အစားလဲပြီး ညစာစားဖို့ ဟိုတယ်ကိုသွားကြတယ်… အစားအသောက်ကိုတော့ ထုံးစံအတိုင်း သဇင်နဲ့ မနီလာက ဘာစားမလဲတော့မေးပါတယ်။ ပီးတော့မှ သူတို့မှာချင်တာမှာပါတယ်။ ကျွန်တော်တို့စားချင်တာတွေတော့မပါလာပါဘူး။ ဒါကတော့ ထုံးစံပါပဲ… ဘယ်သူတွေဘာပဲမှာမှာ…နောက်ဆုံးတော့ သူတို့ စားချင်တာပဲ မှာလိုက်တာပါ…. နောက် တခြားယောက်င်္ကျားလေးတွေက ဘီယာသောက်ဖို့မှာကြတယ်။ အဲမှာ အဲပြဿနာက အခုအချိန်ထိရှင်းလို့မပီးသေးဘူး။ ဘာလဲဆိုတော့ အဲညက ကျွန်တော်ဘီယာ သောက်တယ် မသောက်ဘူးဆိုတာပဲ…..  တကယ်တော့ ကျွန်တော်သောက်ဖို့ ဖန်ခွက်ထဲ ထည့်ထားပီးသား…. နောက်တော့မှ စိတ်ပြောင်းသွားပီး မသောက်တော့ဘူး… ကျွန်တော်ခွက်ကို မိုမိုယူသောက်သွားတာ…. အဲဒါဘယ်သူမှ မသိလိုက်ဘူး… စားလို့ပီးတာနဲ့ ဘဏ္ဍာရေးမူး သဇင်က အားလုံးရှင်းပေါ့… လိုရင်သူစိုက်လိမ့်မယ်… ကျွန်တော်တို့ကတော့ စားမှာပဲ…. စားပီးတော့ ကမ်းခြေကိုထွက်လာကြတယ်… ဟိုတယ်က ကုလားထိုင်တွေယူလာပီး ၀ိုင်းဖွဲ့ထိုင်ကြ… ပထမဆုံးအစီအစဉ်အရ အမှတ်တရလက်ဆောင်လဲ ကြမှာပါ… မဲလိပ်နှိုက်ကြတော့… ကျွန်တော့် လက်ဆောင်ကို ဘယ်သူရသွားလဲတော့မေ့သွားပီ။ ကျွန်တော်ရတာကတော့ မိုမို ဆီက… Photo Frame လေးပါ….အခုတောင့် ကျွန်တော်နိုင်ငံခြားထွက်လာတော့ ပါလာသေးတယ်….ချောင်းသားက အုပ်စုလိုက်ရိုက်ထားတဲ့ အမှတ်တရပုံ ထည့်ထားသေးတယ်။ နောက်တော့ ပါဆယ်ဂိန်းကစားကြတာပေါ့။ ရီနေရာ ဗိုက်ကိုအောင့်တာပဲ… အရမ်းပျော်စရာ ကောင်းတာပေါ့…

ကျွန်တော်ရဲ့ မမေ့နိုင်တဲ့ ညလေးတစ်ညပေါ့…. ည ၁၂ နာရီကျော်မှ အခန်းပြန်အိပ်ကြတယ်…. မနက်ကျတော့ ၅း၀၀ လောက်မှာဆရာထတယ်… ကျွန်တော်လဲ ထပီး ကမ်းခြေကိုထွက်လာပီး…. ခုံတန်းလေးမှာ… ထိုင်ရင်း ချောင်းသာ ကမ်းခြေရဲ့ နံနက်ခင်း နေထွက်တာကို ကြည့်ပေါ့….ခဏနေတော့ မိုမို၊ မစန်ဒါ၊ မနီလာ တို့ ရောက်လာကြပါတယ်။ စကားပြောကြနဲ့ပေါ့…. တော်တော်လေးကြာတော့ ကျွန်တော်နဲ့ မိုမို စက်ဘီးသွားငှားလာပီး စက်ဘီးစီးကြတယ်… သဲထဲမှာ နင်းရတာဆိုတော့ တော်တော်မော်တယ်.. ခဏလေးပဲ စီးကြ…. နောက်လူတွေလဲ စီးကြပေါ့…  မောလာတော့ စက်ဘီးပြန်အပ်ပီး ရွာတွေဘက်ထွက်လာကြတယ်။ မနက်စာစားရင်းနဲ့ ဈေးဝယ်ကြဖို့ပေါ့…. ရွာထဲ ကိုရောက်တော့ လက်ဖက်ရည်ဆိုင်မှာ မုန့်စားကြ…. နောက် ဈေးတန်းဘက်သွားရင်လက်ဆောင်တွေဝယ်ကြနဲ့ပေါ့…. ၀ယ်ပီးတော့ ကမ်းခြေဘက်ကိုဆင်းပီးလမ်းလျှောက်ရင်း ပြန်လာခဲ့တာ…. လမ်းမှာ ဓတ်ပုံတွေရိုက်ကြနဲ့……. ပျော်စရာကြီးပေါ့…. .ဟိုတယ်ပြန်ရောက်တော့ အ၀တ်အစားလည်းပီး ရေထဲဆင်းဖို့ ပြင်ကြတယ်…. ကျွန်တော်ကတော့မဆင်းတော့ဘူး… ဘာလို့လည်းဆိုတော့ ခဏနေရင် ကားလာကြိုတော့မှာ…… နောင်တနာရီလိုက်ကြာတော့ ဟိုတယ်ရှေ့ကို ကားရောက်လာပီ… ကျွန်တော်နဲ့ဆရာ အထုပ်ဆွဲပီး…. ရန်ကုန်သို့ပြန်ခဲ့လေတော့သတည်း။ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကတော့ ပျော်လို့ကောင်းတုန်းပေါ့……

အခုတော့ ဒီလိုအမှတ်ရစရာတွေ ပျော်ရွှင်စရာတွေ ကုန်လွန်ခဲ့ပီ…. မမြင်နိုင်သေးတဲ့ အနာဂတ်မှာ ကြုံတွေ့လာမယ့် စိန်ခေါ်မှု့တွေအတွက် ပြင်ဆင်ရင် ဖြတ်ကျော်ရမယ့် အခက်အခဲတွေကို တိုက်ဖျက်ဖို့ ကြိုးစာရင်း ဝေးကွားခဲ့ရတဲ့ သူငယ်ချင်းတွေကို တိုင်ဆိုင်မှု့တွေရှိတိုင်း သတိရလျက်…..

မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s