A journey of a thousand miles must begin with a single step.

၂၀၀၈၊ ရန်ကုန်-နေပြည်တော်-မန်းလေး-ပုဂံ-ရန်ကုန်၊ အပိုင်း (၃)

မန်းလေး (ဒုတိယရက်)

..မနက်ကျတော့ စောစောထ ရေချိုး အ၀တ်လဲပီး…မန်းလေးမနက်ခင်းလေကို အားရပါးရရှူပီ ဖြူလေးဆိုင်ကို လမ်းလျှောက်သွား….မန်းသူလေးတွေကို ငေးရင်နဲ့ပေါ့……ဟိုရောက်တော့ ဖြူလေးကဆိုင်ဖွင့်နေပီ..ခနနေတော့မစန်ဒါရောက်လာတယ်…သိပ်မကြာဘူး…မနိုင်းလည်းရောက်လာတယ်…မနိုင်းကိုလည်း နောက်ပိုင်းယူဇာတွေသိမှာမဟုတ်ပါဘူး…
နောက်တော့ ဂျူလိုင်(ဂျူလိုင်ဒရင်း-စကားဝါချစ်သူလေး.)ကသူလည်းလိုက်မှာဆိုတော့ သူ့ကိုစောင့်..ကိုယ်တော်ချောကဘယ်လိုမှဆကိသွယ်လို့မရ….စောင့်ရင်းနဲ့ ၈း၀၀ လောက်မှရောက်လာတယ်….ငါဆိုဗိုက်ကိုဆာနေတာ….လူစုံတော့ ဆိုင်ကယ်တစ်ယောက်တစ်စီးစီနဲ့…ငါကဆိုင်ကယ်မရှိတော့ …မစန်ဒါဆိုင်ကယ်နဲ့ ပေါ့….ဦးထုပ်ကတော့မနိုင်းရဲ့ဦးထုပ်အပိုနဲ့ပေါ့…..Oriental House ကိုချီတက်ကျတာ….သူများတွေအတွက် လှိုင်းကြီးလှေအောက်…ငါ့အတွက်က ချိုင့်ကြီး ဆိုင်ကယ်အောက်ပေါ့….မစန်ဒါဆိုင်ကယ်တော့တနားပါတယ်…..Oriental House သွားတဲ့တလမ်းလုံးမကျဘူးတဲ့ချိုင့်မရှိဘူး…တဒုန်းဒုန်းနဲ့…..ချိုင့်ကြီးကြီးတခုကို မမြင်ပဲ ကျသွားတာ ခေါင်မှာဆောင်းထားတဲ့ ဟယ်လမက်ပါပြုတ်ကျသွားတယ်….ချိုင့်ဘယ်မြင်မလဲ….ဘေးကနေကျော်တက်သွားတဲ့မန်းသူလေးကိုလှမ်းငေးလိုက်တာ….ဟီး..ဟီး….Oriental House ရောက်တော့ဒင်းဆမ်းတွေ အများကြီးကိုစားလိုက်တာ….ငါ၊ ဂျူလိုင်၊မနိုင်း၊ မစန်ဒါ၊ ဖြူလေး.၅ယောက်….မစန်ဒါဘတ်ဂျက်တော်တော်ထိသွားတယ်….အဲဒါမှတ်သေးဘူး….နောက်နေ့မနက် မန်းလေးမုန့်တီသုပ်ကျွေးဦးမယ်တဲ့….Oriental House မှာစားပီးတော့ဘယ်သွားကြမလဲမေးတော့ ငါကမသိဘူး…လိုက်ပို့တဲ့နေရာသွားမယ်လိုပြောလိုက်တယ်။ အဲဒါနဲ့ ဖြူလေးဆိုင်ကိုပြန်…ခဏနေတော့ ၀ီဝီနဲ့ Violet ရောက်လာတယ်….အဲဒီအချိန်ထိ ညီမင်းကိုဖမ်းလို့မိသေးဘူး….ပေတူးကလည်းအလုပ်များနေတယ်…အားသေးဘူးတဲ့.
.ဘာလို့လဲဆိုတာတော့ပြောတာ့ဘူး…သိချင်ရင်…ဖြူလေးကိုမေး…ငါမန်းလေးကနေပြန်တဲ့အထိ ဝေယံ ကိုလုံးဝမတွေ့ခဲ့ရဘူး။…ထားလိုက်တော့….အဲဒါနဲ့ တောင်သမန်အင်းကိုသွားကြတယ်…..ဟိုမှာနေလည့်စာစားကြတယ်။ စားပီးတော့ ဆိုင်ကအချိုပွဲချပေးတယ်…ဖရဲသီး…အဟေး..ဟေး…အဲဒီအချိန်မှာ ငါ့က မေးတယ် ၀ီဝီကို….၀ီဝီ ရဲ့အဗန်တာကဘာလေးလဲ…..ဘယ်လိုအဓိပ္ပါယ်လဲလို့မေးတော့….သူကပြန်ဖြေတယ်…..သူ့အဗန်တာက ပိုးဥလေးပါ..လိပ်ပြာမဖြစ်ခင်ဘ၀ပေါ့…. အဲဒီအချိန်မှာ ဂျူလိုင်ဘာစိတ်ကူးပေါက်လဲမသိဘူး.ထပြောလိုက်တတာ…. ဒါဆိုဝီ၀ီ ကဥဘ၀လေးပေါ့ ဟုတ်လား….တဲ့….ပထမတော့ ၀ီဝီ ကြောင်သွားတယ်…သူအစား အဖြေပေးလိုက်တာက Violet ..
..ဟုတ်တယ်….ဥဘ၀လေး.၀ီဝီရဲ့ဥဘ၀လေး……လို့…အဲဒီမှာ အပျိုကြီး၂ ယောက် ထရီတာ ဘယ်လိုမှ ထိန်းလို့မရတော့ဘူး…ဘာတွေအတွေးပေါက်သွားလဲမသိဘူး…..ဟဲ…ဟဲ…..နောက်ဖရဲသီးစားကြတယ်….အဲဒီမှာလဲ ၀ီဝီ ကပြောတယ်..ဖရဲသီးကကောင်းတယ်တဲ့…အမျိုးသားတွေအတွက်တဲ့…အဲဒါလဲကြားပီးရော …ဂျူလိုင်လေ….ဖရဲသီးပန်းကန်မှာ သူ့လက်ချည်းပဲ……..ဘယ်လိုကုန်သွားမှန်းကိုတိဘူး…….ဟား…ဟား….ဒီလိုနဲ့ အားလုံးစားပီးတော့ မစန်ဒါပဲ ထုတ်ရှင်းပေးသွားပါတယ်….အရမ်းသဘောကောင်းတဲ့အမကြီးပေါ့…ငါ့နောက်တစ်ခေါက်မန်းလေးကိုလာမယ်ပြောတော့…လာနဲ့တော့တဲ့…ဟား…ဟား……ဒါနဲ့ ဘယ်သွားကြမလဲမေးတော့…စစ်ကိုင်ဘက်သွားမယ်ဆိုပီး…သွားကြတာ….နေကလဲပူ…..ဝေးကလဲဝေး…သွားကြတာပဲ….ဖြူလေးဆို မျက်နှာ Mask ကောစွပ်၊ လက်မှာလဲ လက်စွပ်ကြီးစွတ်ထားတာ…သူ့လက်စွတ်ဆိုတာ ကအင်္ကျီလက်ရှည်ကိုလက်ချည့်းဖြတ်ပီးစွတ်ထားတာ…..သူ့အသားမဲသွားမှာဆိုးလို့တဲ့….အဟေး…ဟေး….တော်ကြာ တရုတ်ငချိတ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…….ဟီး..ဟီး….အဲဒါနဲ့သွားကြတာ…စစ်ကိုင်းကို ငါနဲ့ ဂျူလိုင်နဲ့ ကဆိုင်ကယ်တစ်စီ၊ မစန်ဒါ၊ မနိုင်း၊ ဖြူလေး၊ ၀ီဝီ ၊ Violet တို့ကတစ်ယောက်တစ်စီးစီ နဲ့…သွားကြတာ…..စစ်ကိုင်းကိုကူးခါနီးတော့ လမ်းကွဲသွားတယ်…၀ီဝီနဲ့ Violet က တံတားဟောင်းဘက်ကိုဆင်းသွားတယ်…ငါနဲ့ဂျူလိုင်က စစ်ကိုင်းတံတားသစ်ဘက်ကိုကွေ့လားတယ်….နောက်ကနေတော့ အားလုံးလိုက်လာတယ်…ဟို၂ယောက်ပဲ လမ်းလွဲသွားတာ……တံတားဖြတ်တော့…..တံတားကြေးကောက်ရော……အဲဒါနဲ့ ဂျူလိုင်နဲ့ငါက ဆိုင်ကယ်ကိုမရပ်ပဲ…နောက်ကိုလက်ညိုးထိုးပြလိုက်တယ်…သဘောက နောက်ကတောင်း..နောက်မှာပါလာတယ်…ဟီး..ဟီး…အဲလိုပဲ တယောက်ပီးတယောက်နောက်ကိုလက်ညိုးထိုးလာတာ..
…နောက်ဆုံးကသူပေးလိုက်ရတယ်.ထင်တယ်.ဘယ်သူလဲတော့မသိဘူး ..အဲဒါတော့မှတ်မိတော့ဘူး…….ကောင်းမှုတော်ဘုရားဝင်ဖူးကြတယ်…ခဏနေတော့ လမ်းမှားသွားတဲ့ဟို ၂ယောက်ရောက်လာတယ်….နောက် သနပ်ခါးတုံးဝယ်တယ်……….မစန်ဒါရွေးပေးတယ်……ငါလည်းကြီးကြီးတစ်တုံးဝယ်…ပီးတော့ သုံးပိုင်းပိုင်း……အဲဒီသုံးပိုင်းကရန်ကုန်ရောက်တော့ LYK, လင်းချစ်သူ၊ Mantal (မလေး) နဲ့ ဘုန်း…အဲဒီလေးယောက်ထဲက ၃ယောက်ကိုလက်ဆောင်ပေးလိုက်တယ်….ဘယ်သူမရလဲငါမတိတော့ဘူး….မရတဲ့သူ….နာမန်းလေးနောက်တခေါက်ရောက်ရင် ၀ယ်ခဲ့ပေးမယ်…ဟဲ..ဟဲ…အတည်ပြောတာ….နောက်ပဲကြော်တွေဝယ်တယ်.
…အဲဒါတွေကတော့ငါရန်ကုန်ကိုရောက်ရောက်ချင် ကိုသူတို့သက်မွန်တို့လက်ထဲအပ်လိုက်တယ်….အဲဒီနေ့ကဘရောင်းကိုမလာတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး….လက်ဖက်တွေ၊ ထိုးမုန့်တွေလဲပါတယ်….
စစ်ကိုင်းကနေပြန်တာ့ လမ်းမှာ ဖြူလေးဆိုင်ကယ်ဓတ်ဆီကုန်သွားသေးတယ်။ သူ့အိမ်ကလည်း ခေါ်နေပီ ..မြန်မြန်ပြန်လာတဲ့မလာရင် အပီးပြန်မလာနဲ့တော့တဲ့….ဟီး..ဟီး….ဘာလို့လဲဆိုတော့ နောက်နေ့ညနေ သူက ရန်ကုန်ဆင်းမှာလေး….
ငါ့ကိုကြောက်လို့ထွက်ပြေးတာ…မန်းလေး ကန်တော်ကြီးစောင်းက ကော်ဖီအေးဆိုင်မှာ ၀င်သောက်ကြသေးတယ်….ဘယ်သူရှင်းလိုက်မှန်ကိုတိလိုက်ဘူး…ဖြူလေးကတော့စစ်ကိုင်းကနေတန်းပြန်တယ်….ကော်ဖီဆိုင်ကနေပြန်တော့ ဘူတာကြီးကိုဝင် ငါပုဂံသွားမယ့်ရထားလက်မှတ်ကိုဝယ်…..နောက်နေ့ည ၇း၀၀ ရထား….အဲဒီမှာ ငါပုဂံကိုသွားရမယ်ရက်က ဒီနေ့ညပဲ…နောက်နေ့ရထားလက်မှတ်ဝယ်တဲ့နေဟုတ်ဘူး…..
.အဲဂလာကြောင့်ပုဂံမှာကြိုရောက်ပီးစောင့်နေတယ့်ငါ့တယ်ရင်းတွေ ငါ့ကို ၀ိုင်းဆဲကြတာပေါ့……ငါကတော့ရထားလက်မှတ်ဝယ်လိုရဘူးလို့အကြောင်းပြလိုက်တယ်လေ….လက်မှတ်က၀ယ်လို့ရတယ်..
.ငါကမသွားချင်သေးတာနဲ့ တရက်ထပ်ဆွဲလိုက်တာ..မန်းလေးမှလည်လို့ဝသေးဘူးလေ…..ဟီး..ဟီး…ဘာလို့လဲဆိုတော့ အဲဒီနေ့ညနေ ဘီဘီဝိုင်းအကြီးကြီးရှိလို့….ရထားလက်မှတ်တောဝယ်ပီးပီး…ရန်ကုန်ကတယ်ရင်းတွေအတွက် ဘူတာကြီးဘေးက မုန့်ဆိုင်တွေမှာမုန့်ဝယ်တာပေါ့…အိမ်အတွက်ဟိုလူ့အတွက်ဒီလူ့အတွက်နဲ့ နာ့ပိုက်ဆံအိတ်ထဲက ၁၀၀ရာတန်ဒေါ်လှလေးပျံထွက်သွားတယ်……ဟဲ..ဟဲ…အားလုံးဝယ်ပီးတော့ အထုပ်တွေသယ်ပီ တည်းခိုခန်းကိုပြန်…ဂျူလိုင်ကလိုက်ပို့တယ်..ပီးတော့ရေချိုး….ဟိုတယ်ကိုပြန်သွား…ငါ့ကိုဟိုတယ်က Sales & Marketing ဌာနက မမလေးတွေက ညစားလိုက်ကျွေးမလို့ခေါ်ထားတာလေ……ငါတို့ဟိုတယ်တွေမှာ Sales & Marketing ဌာန ဆိုတာ အားလုံးအမြင်ကက်ဆုံးဌာန…ပီးတော့ ငါတို့ Sales & Marketing ဌာန က High Pay တွေလေ……တစ်ဟိုတယ်လုံးမှာ ဂျီအမ်ပီးရင်အာဏာအရှိဆုံး…Sales & Marketing ဌာနကဘာလိုချင်တယ်ဆိုအားလုံးကျန်တဲ့ဌာနတွေ
ကလုပ်ပေးရတယ်…….ဘာလိုလဲဆိုတော့ဒီဌာနက ဟိုတယ်အတွက် Business တွေရှာပေးတာလေ……ထားလိုက်တော့..အဲဒါတွေ…..ဟိုတယ်ကိုရောက်တော့ညနေ ၄း၀၀ လောက်ရှိပီ..ဂျူလိုင်ကတော့ပြန်သွားပီ….အဲဒါနဲ့ ဟိုတယ်ထဲမှာ ဟိုဌာနသွား….ဒီဌာနသွား…အားလုံးကတော့ ရန်ကုန်သားလေးကိုအထင်တွေကြီးလို့…ဟား..ဟား…..ဟိုဌာနကလဲလာပါဦး…ဒီဌာနကလဲလာပါဦးနဲ့…..စိုးမိုးကျော်နဲ့ဝိုင်းဝိုင်းလည်ပဲ…… ၅း၃၀ တော့ Sales & Marketing ဌာနကိုပြန်…
ဟိုကမမ တွေကလဲ ငါ့ကိုစောင့်နေကြပီ…..အဲဒီလိုနဲ့ အပြင်ထွက်လာကြတယ်……ဟိုကောင်မလေးတော့ ငါ့ဆိုင်ကယ်နောက်ကနေမလိုက်ရဲ့တော့ဘူး….တခြားဆိုင်ကယ်နဲ့လိုက်လာတယ်….ဟီး..ဟီး….
ဆိုင်ရောက်တော့ စားသောက်ကြတာပေါ့..စလိုက်နောက်လိုက် နဲ့ပျော်စရာကြီး….၈ယောက်လောက်ရှိမယ်..မချော ၇ ယောက် ကိုယ်တယောက်ပေါ့..စားတုန်းသောက်တုန်းဓတ်ပုံတွေရိုက်ကြနဲ့ပေါ့..
.ငါရန်ကုန်ပြန်ရောက်တော့ ရန်ကုန်ဆီဒိုးနားလူတွေကို အဲဒီဓတ်ပုံတွေပြတော့ အားလုံးမနာလိုတွေဖြစ်ကြာတာပေါ့….အဟေး…ဟေး…..စားလို့သောက်လို့ပီးတာနဲ့ ငါတို့တွေ Shopping Mall ကိုသွားလည်းကြတယ်….. 78 Mall လား ဘာလားတော့မသိတော့ဘူး…မေ့နေတယ်….အဲလိုနဲ့အချိန်က ၈း၀၀ ထိုးနေပီ…ဖြူလေးဆိုင်မှာ ချိန်းထားတာက ၇း၀၀ နာရီ….အဲဒါနဲ့ဖြူလေးဆိုင်ကိုဆိုင်ကယ်နဲ့ပြန်…ဒီတခါတော့ငါဆိုင်ကယ်နောက်ကပဲလိုက်စီးလာတော့တယ်..
..ငါ့ကိုပေးမမောင်းခိုင်းတော့ဘူး……..တခါတည်းနဲ့မှတ်သွားပီး….ဖြူလေးဆိုင်ရောက်တော့ အားလုံးစုံနေပီ…မစန်ဒါ၊ မနိုင်း၊ နာဇီ၊ ညီမင်း၊ ၀ီဝီ နဲ့ Violet အားလုံးငါကိုစောင့်နေကျတယ်……ဂျူလိုင်ကတော့ အိမ်မှာကိစ္စရှိလို့်မလာနိုင်ဘူး…ပေးတူးကတော့ ထုံးစံအတိုင်းမအားဘူး……ဒါနဲ့ဘီယာဆိုင်ကိုသွားကြတာ…..တပျော်ကြီးပဲ……ဖြူလေးကတော့မလိုက်ဘူး..သူကနောက်နေ့ရန်ကုန်သွားရမှာ..
…ပြင်ရဆင်ရဦးမယ်လေ….ဘာတွေမှန်းတော့သိဘူး….စားလိုက်သောက်လိုက် နောက်လိုက်ပြောင်လိုက်နဲ့ပေါ့..ဆူညံနေတာပါ….ငါတို့ဘရောင်းမှာသောင်းကျန်းသလိုပေါ့….အဲ…ပင်ဂွင်းတို့လင်းလက်တို့လို လုစားမယ့်သူတွေမပါဘူး…….ဟီး..ဟီး….အဲဒီအချိန်မှာ မနိုင်းအိမ်ကဖုန်းလားတယ်…ဘယ်မှာလဲတဲ့…မနိုင်းကပြန်ဖြေတယ်…ကျောင်းကအဆောင်မှာတဲ့…ဟီး…ဟီး….အဲလိုလိမ်မာကြာတာ…..ငါကဘီယာ ၃ခွက်ပဲသောက်ပါတယ်….အမြည်းကတော့ ထမင်းလွတ်ပေါ့…အစက ၂ခွက်ပဲသောက်တာ……နာဇီနဲ့ ညီမင်းကအတင်းတိုက်လို့ ၃ခွက်ဖြစ်သွားတာ….ငါအရင်ကဘီယာယောက်ဖူးတာဟုတ်ဘူး…လူလိမ်မာလေး…….နာဇီတိုက်မှ စသောက်ဖူးတာ….မင်းဂုဏ်ယူလိုက်စမ်းပါနာဇီရာ…….ဟား…ဟား……အဲဒီဝိုင်းကို ၀ီဝီနဲ့ Violet တို့ကရှင်းသွားတယ်……နောက်တော့ အားလုံးပြန်ကြတယ်….ငါ့ကို ညီမင်းကလိုက်ပို့တယ်.
….ဘာလို့လဲဆိုတော့ နောက်နေ့မနက် မစန်ဒါက ဒေါ်ကွန့်ဆိုင်မှာ ငါ့ကို မုန့်တီသုပ်ကျွေးဦးမှာလေ…..အဲဒီအတွက် ညီမင်းက ငါ့ကိုမနက်လာခေါ်မှာ……..ငါလည်းအခန်းပြန်ရာက်တော့ ရေချိုးပီးအိပ်တော့တာပဲ….မအိပ်ခင် ပုဂံကတယ်ရင်းတွေဆီဖုန်းဆက်တော့ အားလုံးတင်းနေပီး….ဒီညမလာဖြစ်လို့တဲ့…….နောက်နေ့ဆိုပုပ္ပါးသွားကြမလို့ …အဲဒါငါမရောက်လာတော့သွားလို့မရတော့ဘူးတဲ့…ဟား…ဟား….နောက်တစ်ခါဖုန်းဆက်တယ်….အဟဲ….ဒီတစ်ယောက်ကတော့ မန်းလေးလာတုန်းကားပေါ်မှာတွေ့ခဲ့တစ်ယောက်ပေါ့…..တန်းတွေ့တယ်….ပြောလိုက်တာ..ဖုန်းဖိုး ၁၄၀၀ လောက်ထွက်သွားတယ်……ဒါတောင် ဆိုင်ပိတ်တော့မှာမလို့….အဟဲ..ဟဲ…..ပီးတော့ငါလည်းအိပ်….မနက်ကျရင် စားပွဲကရှိသေးတယ်… (ဆက်ရန်…)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s