A journey of a thousand miles must begin with a single step.

၂၀၀၈၊ ရန်ကုန်-နေပြည်တော်-မန်းလေး-ပုဂံ-ရန်ကုန်၊ အပိုင်း (၂)

(ပထမရက်)

တည်းခိုးခန်းရှာ….တွေ့ပီ…မန်းလေး ဆေးကျောင်းရှေ့မှာ……အထုပ်အပိုးတွေသယ်ပီး…အခန်းပေါ်တက်….ရေချိုး….အ၀တ်အစားလဲ….စမတ်ကျကျပေါ့…သွားမယ်နေ့ရာက ဘုန်းကြီးကျောင်းပဲ….ဟီး…ဟီး…မန်းလေးဆီဒိုးနားပါ….အ၀တ်လည်းလဲ ပီးရော ဗိုက်ကဆာလာတယ်…..အမြန်အောက်ဆင်း…တည်းခိုခန်းက ကောင်လေးကို ၈၃ လမ်းထိပ်က ဖက်ထုတ်သွားဝယ်ခိုင်းပီးစားလိုက်တယ်…. ..အင်း…အားလုံးအိုကေသွားပီ….. နောက်တော့ အပေါ်က ကုဒ်အင်္ကျီဝတ်၊ ကြောင်ရှာသီးပတ်….ပီးတော့မှန်ထဲမှကြည့်လိုက်တော့ ..တော်တော်ခန့်နေပီပေါ့…..အဲဒီမှာမေ့နေတာက ငါရောက်နေတာမန်းလေးက တည်းခိုခန်းမှာ…ရန်ကုန်က ဘုန်းကြီးကျောင်းထဲမှာ ဟုတ်ဘူးဆိုပဲ….. အောက်ဆင်းခါနီးမှာ ခုနကကောင်လေးရောက်လာပီးတော့ အကို ဘာခိုင်းဦးမလဲဆိုပီးတော့မေးတယ်..ပီး. .အကို ဘယ်သွားမလို့လဲမေးတော့မှ…. ငါမန်းလေးမှာပါလားလို့သတိရပီး…ဒီအ၀တ်အစားတွေနဲ့သားသွားရင် တော့ အရူးလို့ထင်မှာပဲဆိုပီးတော့ပြန်ချွတ်…. အိတ်ထဲပြန်ထည့်…. အိတ်ဆွဲပီးဘုန်းကြီးကျောင်းကိုချီတက်….တက္ကစီလဲမရှိ……. ဒီတော့လမ်းလျှောက်…..
.မြေပုံစာရွက်ထုတ်…..လမ်းရှာ…..နီးနီးလေးပါလား…မြေပုံထဲမှာပြောပါတယ်…..လမ်းရှာရင်နဲ့ ဖြူလေး ဆိုင်ကိုရှာတော့ ငါသွားရမှာလဲ အဲဒီလမ်းကပဲ….ဂွတ်သဟ….
..သူ့ကိုတွေ့ရင်တော့ ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းမယ်ဆိုပီးတွက်ထားတယ်….. လျှောက်..ရင်း… လျှေက်ရင်းနဲ့…. ဝေးသဟ… မန်းလေးတစ်ပြဆိုတာ ကို ယုံသွားပီ….. ဖြူလေးဆိုင်ရှေ့ရောက်တော့ ဆိုင်ကဖွင့်သေးဘူး…….. သူပြောတော့မန်းလေးမှာ သူ့ဆိုင်က မန်းလေးမှာဖွင့်တာအစေားဆုံးတဲ့…..ေ တွ့တော့တွေ့တယ်… ဆိုင်ရှေ့မှာပက်လက်ကြီး……. ဖြူလေးကို…အဲ..ဟုတ်ဘူး… သူ့ဆိုင်ကယ် ၁ ယပက်(၁/ယ..)ကြီးပြောတာ.
..စိတ်ကူးမိတာ ဆိုင်ကယ်ကို ဘီးလေလျော့မလို့….နောက်တော့ ဖြစ်သေးပါဘူး…တော်ကြာဘေးကလူတွေက ဆိုင်ကယ်ဘီးဖြုတ်တယ်ဆိုပီး ၀ိုင်းရိုက်လို့အချောင်သက်သက်နာဦးမယ်…..ထားလိုက်တာ့…..ဖြူလေးကံကောင်းသွားတယ်….မှတ်…
ဟိုကြည့်ဒီကြည့်…မြို့သားလေးတောရောက်လာတော့မြင်သမျှအသစ်အဆန်းတွေကြီးပဲပေါ့…..မန်းလေးကို ငယ်ငယ်တုန်းကတခေါက်ရောက်ဖူးတယ်…မမှတ်မိတော့ဘူး…..လျှောက်ရင်းနဲ့..ကျုံးရှေ့လာပီပဲ..နန်းတော်ကြီးကို…မြင်နေရပီ…
..မျက်စိထဲမှာမြင်ကြည့်လိုက်တာ မင်းတုန်းမင်း မိဖုရားပေါင်းများစွာနဲ့ ဆောင်တော်ကူးနေတာကိုပေါ့….ငါသာဆိုရင်တော့…….ဟီး..ဟီး……တွေးရင်းနဲ့လျှောက်လာတာ …မန်းလေးဆွမ်းဟိုတယ်ရှေ့ရောက်လာပီ….မန်းလေးဆွမ်းပီးရင် ငါ့သွားရမယ် ဘုန်းကြီးကျောင်း(မန်းလေးဆီဒိုးနား) ပေါ့…တွေ့ပီ…ရောက်ပီ……ဟိုတယ်ဝင်ပေါက်ရှေ့ရောက်တော့ ဧည့်ကြိုကောင်လေးက ပြေးထွက်လာပီးကြိုတာပေါ့….ဟဲ..ဟဲ…..ငါ့အိတ်ကိုဆွဲတယ်…ငါကမပေးဘူး…အတင်းဆွဲတယ်.
..ငါကပြန်လုတယ်….နောက်တော့ ဂျူတီမန်နေဂျာထွက်လာပီးမေးတော့မှ ငါကရှင်းပြလိုက်တာ…..ရန်ကုန်ဆီဒိုးနားကပါဆိုမှ အဆင်ပြေသွားတယ်…….အိတ်လုတဲ့အကြောင်းပြောပြရဦးမယ်..အားလုံးဗဟုသုတပေါ့…ငါတို့ဟိုတယ်လောကမှာ ဟိုတယ် ၀န်ထမ်းအချင်းချင်းပြန်ပီးဆားဗစ်မပေးရဘူး..တခြားဟိုတယ်တွေကတော့ဘယ်လိုလဲမသိဘူး….ဘာလို့လဲဆိုတော့ ကိုယ့်ကိုဆားဗစ်ပေးလိုက်ရင်သူတို့ရင်ထဲမှာ ၀န်ထမ်းအချင်းချင်း နားလည်မှုတွေလွဲသွားနိုင်တယ်….. ရာထူးအရ ဂျီအမ်တို့၊ဘာတို့ဆိုရင်တော့တမျိုးပေါ့။ အဲဒါကချွင်းချက်ပေါ့။ အိုကေ…အဲဒါနဲ့ မန်းလေးဆီဒိုးနားရဲ့ဈေးကွက်နဲ့ဆက်ဆံရေးအရာရှိ (Marketing & Communication Executive) ကိုခေါ်ခိုင်းလိုက်တယ်….ငါနဲ့ရာထူးအတူတူပဲလေ….ဟီး..ဟီး…ခဏနေတော့ထွက်လာတယ်….. ပီးတော့ရုံးခန်းထဲခေါ်သွား..စကားလေးဘာလေးပြောကြ…အဲဒီသူကလည်းငါမန်းလေးမသွားခင် ရန်ကုန်ဆီဒိုးနားကိုထရိန်နင်အဖြစ်လာဘူးတယ်လေ…မိန်းကလေးပေါ့ အလွန်ဆုံးရှိလှ အသက် ၂၄ နှစ်ပေါ့..သူရန်ကုန်လာတုန်းကပဲ..ငါပဲအကုန်လိုက်လုပ်ခဲ့တာ….မောင်နှမလိုပဲ…..သူလာတုန်းကငါတို့ကရန်ကုန်မှာအလုပ်ရှုတ်နေတာလေ..
.မှတ်မိသေးတယ်… ကူဝိတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံချစ်ကြည်ရေးခရီးလာတာတဲ့အချိန်…. ငါတို့ဆီဒိုးနားမှာ တည်းတာလေ..အရမ်းအလုပ်ရှုတ်နေတာပေါ့…. နိုင်ငံတော်ဧည့်သည်လေ… .ထားလိုက်တော့မဆိုင်တာတွေပါလာပီ.. .နောက်ဆုံး သူပြန်တော့ မန်းလေးဆီဒိုးနားကလူတွေအတွက်ငါက မုန့်တွေထည့်ပေးလိုက်တာလေ…. ကြိုပီးလမ်းခင်းထားတာပေါ့..ဟီးးဟီးး
စကားပြော..မုန့်စားနဲ့ပေါ့..အလုပ်ကိစ္စမပါဘူး…ဘာလို့လဲဆိုတော့ ငါအလည်သက်သက်သွားတာလေ…. နောက်တော့ ဟိုတယ်ရဲ့အကြီးဆုံးအရာရှိ သူတို့အခေါ် အိုအမ် (Operation Manager) ပေါ့။ Mr. Tanaka လို့ခေါ်တယ်..ငါကတော့ သနပ်ခါးတုံးလို့ခေါ်တယ်..ငါနဲ့တော်တော်ရင်းနှီးတယ်… သူရန်ကုန်လာတုန်းက ငါတို့ခဏခဏစကားပြောဘူးတယ်။ ငါက ဂျပန်လိုမတောက်တခေါက်ပြောတတ်လို့အဆင်ကိုပြေလို့…. နောက်ခဏစကားထိုင်ပြော… ပီးတော့ဘယ်နှစ်ရက်နေမှာလဲ. …ဒီမှာလာပြောင်းနေလို့ဖိတ်တယ်….. ငါကမနေတော့ဘူး..အလုပ်ကိစ္စနဲ့မဟုတ်လို့မနေချင်ဘူးလို့ပြောလိုက်တယ်… သူကတော့စိတ်မကောင်းဘူးဖြစ်သွားတယ်…. ဘယ်တတ်နိုင်မလဲ…..
.အလုပ်နဲ့တာဆိုလို့ကတော့ကားဂိတ်မှာထဲကလာကြိုခိုင်းတယ်…..အခုတော့…..ဟဲ..ဟဲ…..နောက်တော့ သူကမေးတယ်ဘာလုပ်မလဲတဲ…ဘယ်သွားချင်လဲပြော…. ငါကတော့ ပြောလိုက်ပါတယ်.. .ငါမန်းလေးကိုရောက်ဖူးဘူး…. ဘယ်သွားရမှန်းမသိဘူးလို့….. အိုကေ..ကောင်းပီတဲ့…. သူစီစဉ်ပေးမယ်တဲ့….. ခဏစောင့်ဆိုတာနဲ့….ငါကသူ့ကိုနှုတ်ဆက်ပီး…အပြင်ပြန်ထွက်လာတယ်……
ပီးတော့ခုနက ဟိုကောင်မလေးက ဟိုတယ်တခုလုံးကိုလျှောက်ပတ်ကြည့်…..တခြားဌာနက အရာရှိတွေ၊၀န်ထန်းတွေနဲ့မိတ်ဆက်ပေါ့….. အားလုံးကုန်တော့ ရုံးခန်းထဲပြန်လာ.. ကော်ဖီသောက်… အခိျန်က ၁၀း၃၀ ရှိပီ..ခုန လူကြီးက ငါလည်ဖို့ ကားစီးစဉ်ပေးတယ်….. သွားချင်ရာသွား….တဲ့…. ဟုတ်နေတာ…. ရန်ကုန်မှာငါစီးခဲ့ရတဲ့ကား က တိုရိုတာခရောင်းအနက်ရောင်….. အခုစီးရမှာက လင်ခရူဇာ…အဖြူရောင်…..ဟုတ်နေတာပဲ….အရင်ဆုံးဘယ်သွားမလဲဆိုတော့
ငါစဉ်းစားမိတာက အပျော်မသွားခင်း အကျိုးလည်းရှိလူလည်းရှိန်အောင်ဆိုပီး…Mandalay Hill Hotel ကို Inspection သွားမယ်ဆိုပီး..အရင်သွားတယ်.လမ်မှာဖြူလေးဆိုင်ကိုခဏ၀င်လိုက်သေး..မရွှေချော အရှုတ်တွေလုပ်နေတယ်….ခဏစကားပြောပီးတာနဲ့ညနေကျမှလာမယ်..နာဇ်ီတို့နဲ့ချိန်းပေးဆိုပီးမှာခဲ့တယ်….ဆိုင်ကပြန်ထွက်ခါနီး သူ့သူငယ်ချင်းကောင်မလေး ဆိုင်မှာပဲလုပ်နေတဲ့သူကို ဖတ်ခနဲ့တွေ့သွားလိုက်ရသေးတယ်။
ိဒါမျိုးဆိုမျက်စိကလျှင်ပ…. နောက်မှသူပြောပြတာ ရှမ်းမလေးတဲ့…ဟီး..ဟီး..အဲဒါကြောင့် တောင်ပေါ်သူလေးတွေချောပါတယ်လိုပြောတာ…ဟဲ…ဟဲ
…Mandalay Hillကိုရောက်တော့ ထုံးစံအတိုင်း စကားပြော လျှောက်လှည့်ပတ်ကြည့်.ပီးတော့ ဆီဒိုးနားပြန်….Mr.Tanaka က နေ့လည်စားကျွေးမယ်ဆိုလို့လေ…..သူနဲ့ နေ့လည်စားအတူစား..ပီးတော့ ..သူ့ကိုနှုတ်ဆက်…စထွက်ပီ…ကားတစ်စီနဲ့…အရင်ဆုံးမဟာမြတ်မုနိဘုရားကြီးဦးတိုက်….ဦးပိန်တံတားကိုသွား… စစ်ကိုင်းကိုပတ်… စစ်ကိုင်းရောက်တော့ တခါမှ မတွေ့ဖူးသေးတဲ့ သူငယ်ချင်းကိုသွားတွေ့……
မန်းလေးပြန်ဝင် မန်းလေးတောင်ပေါ်တက်….မန်းလေးတောင်ပေါ်ရောက်တော့တောင်ထိပ်မှာ ပြုပြင်နေကျတယ်….. ရှုတ်ပွနေတာပဲ…တောင်ပေါ်ကနေ နာမယ်ကြီး အိုးဘိုထောင်ကိုအမှတ်တရ ဓတ်ပုံရိုက်လိုက်သေးတယ်….ဟီး..ဟီး…
နောက်တော့ပြန်ဆင်း….မန်းလေးမြို့ကိုပတ်…..တက္ကသိုလ်ထဲဝင်…ပြန်ထွက်..ထိပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်……အချိန်က ၅း၃၀ နေပီ…..အဲဒါနဲ့ဟိုတယ်ပြန်….ဒင်နာကျွေးဦးမယ်လုပ်နေတော့ မစားတော့ဘူး….ပြော…ဘာလို့လဲဆိုတော့ ညကျရင်နာဇီက ဘီဘီတိုက်မယ်ပြောထားလို့….အဟဲ..ဟဲ……ခဏနေတော့ ဟိုတယ်ကခုန အရာရှိမလေးနဲ့ပြန်….ဘယ်သွားမလဲလို့မေးတော့…ဖြူလေးဆိုင်ကိုပြော…ဆိုယ်ကယ်က တစ်စီးတည်း…
သူကမောင်းတတ်လားမေးတော့.. ငါ့ကရပါတယ်လို့ပြော… အမှန်က ငါကရန်ကုန်မှ စက်ဘီးကလွဲရင်စီးဘူးဟုတ်ဘူး…… ဆိုင်ကယ်ဆိုတာ ဘယ်လိုမောင်းရတယ်ဆိုတာ သူများပြောတာပဲကြားဘူးတာ… လိုင်စင်လဲမရှိဘူး… အဟေး.. .ဟေး အိုကေ….အဲဒါနဲ့ငါကရှေ့ကမောင်း.. သူကနောက်ကလိုက်.. သူကတော့ဘယ်လိုလဲမသိဘူး…… .ငါကတော့ရင်ထဲမှာ တဒိန်းဒိန်းနဲ့….. သူပါလို့ရင်ခုန်တာဟုတ်ဘူး… ဘယ်အချီသူများကပဲဝင်တိုက်သွားမလား… ကိုယ်ကပဲဝင်တိုက်သွားမလားဆိုပီး..
နောက်တော့စဉ်းစားမှတာက ငါဒီလိုမောင်းနေရင်ရောက်မှာမဟုတ်ဘူး… ဖြစ်ချင်ရာဖြစ်ဆိုပီး…. ဂီယာချိန်း..လီဗာဆွဲပစ်တာ…… ရှေ့ကဆိုင်ကယ်ဘေးကိုကပ်ကုန်ရော.. မီးပွိုင့်လဲမရှောင်ဘူး..
.လာထား.မှတ်ထားကွ….၀င်းဇော်နိုင်…. ရန်ကုန်သားကွ… နောက်ကသူကတော့ ကြောက်လို့ထင်ပါရဲ့… ငါ့ခါးကိုဖက်ထားတာ….ဟား..ဟား…. ဖြူလေးဆိုင်ရှေ့ရောက်တော့စတွေ့တာပဲ….. ဆိုင်ကယ်ကိုဘယ်လိုရပ်ရမှန်းမသိဘူး…. .ပြသနာကတော့စပီ….. အဲဒါနဲ့ဆိုင်ကိုကျော်သွားရော…ဟီး…ဟီး. ..နောက်ကသူ့ကိုမေးပီးတော့မှရပ်ရတာ……. ဆိုင်နဲ့တော်တော့်ကိုဝေးသွားပီး….. အဲဒါနဲ့အနောက်ကို လမ်းပြောင်းပြန် မောင်းချလာတယ်… ဆိုင်ရှေ့မရောက်ခင်ကတည်းက ဂီယာဖြုတ်. သော့ပိတ်လိုက်တာ…. ဆိုင်ရှေ့ရောက်တော့မှ ဘရိန်ကိုနင်းလိုက်တာ ကိုယ်တော့ချောရပ်သွားတယ်…..ဟဲ..ဟဲ….ကောင်မလေးကတော့ဘုရားတပီးပြန်သွားတယ်…ငါကတော့ ဆိုင်ထဲဝင်…ဖြူလေးနဲ့တွေ့..
..အင်တာနက်ထိုင်သုံးရင်း…နာဇီလာမှာကိုစောင့်နေတယ်..ပြောရဦးမယ်… .ဖြူလေးအရမ်းအလိုက်သိတာ….
.ငါမောလာမှန်းသိလို့… ရေအေးအေးလေးတခွက်ကြီးများတောင်တိုက်တယ်…… ငါတောင်းသောက်လို့….. နောက်တခွက်တောင်းတော့… မရတော့ဘူး.. .သောက်ချင်ကိုယ့်ဘာကိုသွားခပ်တဲ့…. ကောင်းရော…ဟဲ..ဟဲ..
.ဖြူလေးကပြောတယ်…..နေ့လည်က မစန်ဒါ လာသွားတယ်တဲ့… ရောက်တာသူဆီကိုဖုန်းမဆက်လို့ စိတ်ဆိုးနေတယ်တဲ့….. အဲဒါနဲ့ မစန်ဒါဆီကို ဖုန်းဆက်…ပီးနှုတ်ဆက်….မစန်ဒါက မနက်ဖန်မနက်စောစောထတဲ့..
Oriental House မှာ Breakfast ဒင်ဆမ်းလိုက်ကျွေးမယ်တဲ့….မင်္ဂလာရှိလိုက်တာ….ကြားရနားဝချမ်းသာလိုက်တာ……မစန်ဒါကိုတော့ အခုနောက်ပိုင်းယူဇာတွေသိကြမှာမဟုတ်ဘူး…သူမ၀င်ရေးတာအတော်ကြာပါပီ..
….၈း၀၀ လောက်ကျတော့ နာဇီရောက်လာတယ်။ ၂ယောက်သား ဘီယာဆိုင်ကိုလိမ့်ကြတာ……ငါ့ကသိပ်မသောက်ပါဘူး….. ၂ခွက်လောက်ပဲ…အမြည်းကိုတော့ ထမင်းလွတ်တီးပစ်လိုက်တယ်…… စကားပြောကြနဲ့
၁၀း၃၀ ဖြစ်သွားရော…… ပြန်ဖို့ပြင်…. နောက်ဖြူလေးအတွက် ဒိန်ချဉ်ဝယ်….ကံဆိုးချင်တော့ ဆိုင်ကမပိတ်သေးဘူး……….ဒိန်ချဉ်ဝယ်ပီး…. ဖြူလေးဆိုင်ကိုသွား….သူကမရှိတော့ဘူး…အဲဒါနဲ့ဆိုင်ရှေ့မှာ ဒိန်ချဉ်အထုပ် ကိုဒီအတိုင်းချိတ်ခဲ့တယ်… နာဇီကငါ့တည်းခိုခန်းရှေ့အထိလိုက်ပို့ပေးပီးမှ သူပြန်သွားတယ်…..ငါလည်းရေချိုးပီးအိပ်တော့တာပဲ…

(ဆက်ရန်…….)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s