A journey of a thousand miles must begin with a single step.

I love travellings …

သင်အနှစ်သက်ဆုံး ၀ါသနာကိုပြောပါဆိုရင် ခရီးသွားခြင်းက အရင်ဆုံးဖြေမိမှာ မလွဲပေ။ ငယ်စဉ် အမိဝမ်းမှ မကျွတ်ခင်ခဲ့ကတည်း ခရီးထွက်ခဲ့ဖူးသည်။ အမေ့ဝမ်းထဲမှာ နေကတည်းက (၉) လကျော် (၁၀) အတွင်း ကျိုက်ထီးရိုးဘုရားသို့ တစ်ခေါက်နှင့် မော်တင်စွန်းဘုရားသို့ တစ်ခေါက်ရောက်ခဲ့သည်။ ၂နှစ်သားအရွယ်မှ စတင်ကာ ကျိုက်ထီးရိုးဘုရားသို့  နှစ်စဉ် ရောက်ရှိခဲ့သည်။ တရုတ်နှစ်သစ်ကူးချိန်ခါ၊ သင်္ကြန်ပိတ်ရက်ရှည် သို့မဟုတ် တန်ဆောင်းမုန်းလပြည့်အမှီ နှစ်စဉ် တစ်နှစ်တစ်ခေါက်သို့ရောက်မြဲပေ။

 ခြေဖ၀ါးတွင် မှဲ့ပါသောကြောင့် ခရီးသွားဖြစ်တာလား… ခရီးသွားဖြစ်သောကြောင့် မှဲ့ပေါ်လာတာလားမသိ။ သေချာတာကတော့ ခရီးမသွားရ မနေနိုင်သောရောဂါဖြစ်သည်။ အနည်းဆုံး တစ်နှစ် ၂ခေါက်လောက်တော့ ခရီးသွားဖြစ်သည်။ ရက်ရှည်မဖြစ်နိုင်တောင်မှ အနည်းဆုံး ၃ – ၄ရက်တော့ သွားဖြစ်တာချည်ပဲ။

 မြန်မာနိုင်ငံအနှံအပြား တော်တော်များများတော့ ရောက်ဖူးသည်။ တောင်ဘက်စွန်း ကော့သောင်းမှသည် မြောက်ဖက် ပူတာအိုထိ ရောက်ဖူးသည်။ အများအားဖြင့်သော အလည်အပတ်ဖြင့် သွားသောခရီးများသာ ဖြစ်သည်။

 ငယ်စဉ်တုန်းကတော့ မိဘတွေနှင့်သွားပေမယ့် ၁၀တန်းအောင်သည့်အချိန်မှ စတင်ကာ တစ်ယောက်တည်း စမ်းသွားကြည့်ရမှာ ပိုမိုလွတ်လပ်သည့် အရသာကိုသိကာ တစ်ယောက်တည်း ခရီးသွားခဲ့တာများသည်။

 ၂၀၀၈ ခုနှစ်နှောင်းပိုင်းမှစတင်ကာ ပြည်ပသို့ထွက်ခွာ လာခဲ့သောကြောင့် ခရီးသွားလာမှု နည်းပါးခဲ့ရသည်။ သို့သော် အခွင့်အရေးကြုံလာပါက ရသည့်အချိန် ရသလို ခရီးထွက်ခဲ့သည်။

 ခရီး သွားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုနဲ့ အတွေးအခေါ်သစ်တွေ ရစေသလို ဒေသန္တရ ဗဟုသုတ တွေလည်း တိုးပွားစေတယ် ဆိုတာ လူတိုင်း လိုလို သိထားပြီးသား ဖြစ်မှာပါ။

 ခရီးသွားသောအခါ ကြုံတွေ့ခဲ့သော အတွေ့အကြုံ၊ ဆုံစည်းခဲ့ရသော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ယဉ်ကျေးမှုမျိုးစုံ တို့သည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည်။

 ဒါကြောင့် သွားခဲ့ဖူးသောခရီးများကို မှတ်တမ်းအဖြစ်သော်လည်းကောင်း၊ ဗဟုသုတရစေရန် အလို့ငှာလည်းကောင်း ဘလော့ဂ် တစ်ခုအဖြစ် ချရေးခဲ့လေသည်….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s